lw*11*

10.5K 581 18
                                    

Unicode

ခန္ဓာကိုယ်သည် လှုပ်၍ မရအောင်ပင် နာကျင်ရ၏။
ထို့ကြောင့် ကုတင်ပေါ်တွင် ငြိမ်သက်စွာ နေမိသည်။
ထို့နောက် မျက်လုံးပေါ်သို့ လက်တင်ရင်း
ကျလာသည့် မျက်ရည်တို့ကို တားဆီးပစ်သည်။

"စိုက်ကို ကောင်တွေ!
သူတို့ပြိုင်လုချင်တာနဲ့ပဲ
ငါရင်းခဲ့ရတာ ယောကျာ်းမာနနဲ့ ခန္ဓာကိုယ်"

စီးကျလာသည့် မျက်ရည်များသည် တာဆီးထားသည့်လက်တစ်ဖက်
တစ်ဖက်က စောင်ကိုတင်းကြပ်စွာ ဆုတ်ကိုင်ထားသည်။

ထွက်ပြေးချင်ပေမဲ့
နာကျင်ထားသော လက်ချောင်းများနှင့်ခြေထောက်များ။
သူတို့ပြိုင်ဆိုင်မှု့မှာ ကိုယ်က မြေစာပင်လား။

ထိုအချိန်တွင် အခန်းထဲသို့လျောက်လာသော ခြေသံဖွဖွ။

"ကာ..."

ကာရံ့ ဘက်မှ ဘာတုံ့ပြန်မှု့မှ မရှိ။

"ကိုယ်တောင်းပန်ပါတယ်..."

"လုပ်ပြီး ဖြစ်ပြီးမှ တောင်းပန်တော့
ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ လုပ်တာနဲ့မတူ ဘူးလား ဇိန်း!"

ဇိန်းက ကာရံ့၏ လက်ကို ဖွဖွလေး ကိုင်လိုက်သည်။
ထို့နောက် ပါးပြင်နားကပ်လိုက်သည်။

"ကိုယ်တောင်းပန်ပါတယ်
ဒီအတိုင်း အကို့ ကိုမပေးနိုင်လို့ပါ"

ကာရံ၏ လက်ဖမိုးနုနု၌ ခပ်နွေးနွေး
အရည်တစ်ခုကို ခံစားမိသည်။

မျက်ရည်တွေလား?
ဇိန်းက ငိုနေတာလား?

အုပ်ထားသည့် လက်တို့မှ အနည်းငယ် ခွာ၍ ကြည့်လိုက်သည်။

ဇိန်း ငိုနေသည်။

"ကာ...ချစ်တယ်လို့
ဒီအတိုင်း ကိုယ့်အပိုင် ဖြစ်ပေးလို့ရဘူးလားဟင်။
ကိုယ့်လိုချင်တဲ့အရာတွေကို အမြဲ အကိုကပိုင်တယ်..
ဒါပေမဲ့ကွာ..ကာ့ကိုတော့ ကိုယ်တစ်ကယ် ပိုင်ဆိုင်ချင်တာ"

"မင်းသိပ်အတ္တကြီးတယ်"

"သိပ်ချစ်မိတာမို့
အတ္တကြီးလို့မရဘူးလားဟင်"

"ကျေးဇူးပြုပြီးတော့ အခန်းထဲ က ထွက်သွား‌ေပးလို့ရမလား"

"အင်းပါ...
စဉ်းစားချိန်အများကြီး ရတာမို့လို့
ကိုယ် ထွက်သွားပေးပါ့မယ်"

Your Father Become My Daddy(complete)Where stories live. Discover now