Unicode
"ကိုစိုင်း ကျွန်တော့်အိမ်ကို စောင့်ရှောက်ပေးပါ"
"အချိန်သုံးလအတွင်း ကျွန်တော့်barနဲ့ အတူပြန်လာခဲ့မယ်"
"ကာရံ မင်းအဲ့တာကို မလုပ်လို့မရဘူးလား"
"မလုပ်ရင် ကျွန်တော့ပိုက်ဆံ အရင်းအမြစ်ကိုဆုံးရှုံးရမှာ"
ကျောခိုင်းသွားသော ကျောပြင်ငယ်အား ငေးကြည့်ရင်း စိုင်းပရာခွန် ကျန်ခဲ့၏။
အရင်တစ်ပတ်ကမှ စ၍ ယောကျာ်းတစ်ယောက်ကိုမြူစွယ်ဖို့ onlineကနေ လေ့လာခဲ့ရသည်။
ကိုယ်ကအဖြောင့်ကောင့်မို့လား မသိ
အနည်းငယ်တော့ကြက်သိမ်းထမိသည်။အရင်ဆံုးဖက်ရှင်ပုံစံမှစ၍ အပြုအမူအားလုံးကို ခနတာပြောင်းလဲပစ်ရမည်။
"အမ..."
"မောင်လေး ဘယ်လိုအကျီမျိုးလိုချင်လဲ"
"ကျွန်တော် ဒီဇိုင်းပြောင်းချင်တယ်။
ချစ်စရာ ပုံစံမျိုး
အဲ့တာ ကျွန်တော်နဲ့လိုက်မဲ့ဟာတွေ မှန်သမျှ အကုန်ပြ""....."
စုံစမ်းချက်အရ နွေဦးဟန်သာ၏ အဖေ
ဦးဘုန်းခန့်နေသာ သည်ထင်သလောက် ရိုးရှင်းသည့်လူမျိုးမဟုတ်။
သူ့ဘက်မှ စ၍ အရာရာ ဂရုစိုက်ရမည်။မှန်ထဲမှ မိမိ၏ ပုံရိပ်သည် စက်ဆုတ်ဖွယ်အတိ။
မျက်မှောင်ကြုတ်နေကျမျက်ဝန်းတို့သည်
အနည်းငယ်တည်လိုက်သောအခါ
ဝိုင်းစက်သော မျက်ဝန်းအသွင်ဖြင့်။
တစ်ကယ့်ကို တစ်ခြားတစ်ယောက်အသွင်အပြင်ဖြင့်သာ။
ဆန့်ကျင်ဘက် စရိုက်အသွင်သို့ ကူးပြောင်းရခြင်းသည် သိပ်တော့မလွယ်ကူခဲ့။ဝယ်လာသည့်ပစ္စည်းများကို တစ်ယောက်တည်း သယ်လာရခြင်းသည်
အဆင်မပြေခဲ့။ဒုန်းးး
လက်ထဲမှ အထုပ်တို့သည် အောက်ကျသွားကာ
ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ထိုင်လျက်နှင့်သာ။ဒီအချိန်က အစွမ်းအစ ထုတ်သုံးရမဲ့အချိန်ပဲ။
ကာရံက ဝိုင်းစက်သော မျက်ဝန်းတို့ဖြင့် အပေါ်သို့ ခပ်ဖြေးဖြေးမော့ကြည့်လိုက်သည်။
ESTÁS LEYENDO
Your Father Become My Daddy(complete)