"ဦး ပြောပြမယ်..."
ကာရံ က မျက်လုံးဝိုင်းဝိုင်းလေးတွေ ဖြင့်
ဦးကို မော့ကြည့်သော်တည်ကြည်လွန်းသည့်မျက်နှာထား။
အသက်လေးဆယ် ရှိပြီ ဖြစ်သော ဦးသည် အရွယ်တင်လွန်းလှသည်။
ဇိန်းနှင့် အမွှာ ညီအကို ဟု ဆိုနိုင်ရလောက်အောင်ထိ ကို နုလွန်းသည်။
သို့သော် နောက်လှန်ထားသော ဆံနွယ် ကြားတွင် ဆံပင်အဖြူ နှစ်ပင်က ခပ် ထင်းထင်း။
အေးစက်တည်ငြိမ်သော မျက်နှာထားသည်
အနည်ငယ် ပြုံးယောင် သန်းမည် ဆိုလျှင်
ဇိန်းထက်ပင် ကြည့်ကောင်းနေလိမ့်မည်။"ဦး က ကာရံနဲ့ မဖြစ်ခင်က
လူပျို စစ်..."အံဩခြင်းများစွာဖြင့်ကာရံ။
"နေစမ်းပါအုံး အဲ့တာ ဆို နွေဦး ကရော?"
ဦးက မျက်လွှာချရင်း
"ဦးနဲ့ ရတဲ့ ကလေး မဟုတ်ဘူး
ဦးနဲ့ နွေဦးရဲ့ အမေက အရင်းနှီးဆုံးသူငယ်ချင်းလို့ဆိုရမလား"ကာရံ့၏ အတွေးထဲ၌ အတော့်ကို ပင် ရှုပ်ထွေးနေပြီ။
"တစ်ရက်မှာ နွေဦး ရဲ့ အမေ က ဦးဆီ လာခဲ့တာ
သူ့ရည်းစားနဲ့ ရတဲ့ ကိုယ်ဝန်ရှိပေမဲ့
သူ့ရဲ့ မျိုးနွယ်က လက်မခံလို့အသတ်ခံရသတဲ့""..."
"သူ့ကို လက်ထပ်ပြီးတော့
နွေဦး ကို သူ့သမီး အဖြစ် ထားဖို့ အကူအညီတောင်းခဲ့တယ်
အဲ့တုန်းက ဦးဘက်မှာလည်း ငြင်းဖို့အခွင့်အရေး မရှိခဲ့ဘူး။
ဦး မိန်းမတစ်ယောက် လိုအပ်တယ်
နောက်ပြီး ဆက်ခံသူကိုရောပဲ
ဒါကြောင့် လက်ခံထားခဲ့တာ
မထင်ထားဘူးနွေဦးရဲ့အမေ က မီးဖွားပြီးပြီး ချင်းဆုံးသွားခဲ့တယ်...""ဒါဆို ဒြပ်က ပဲ ဆက်ခံသူ အစစ်လား"
"ဒီလို ဆိုရမှာပဲ..."
ကာရံ့၏ စိတ်သည် တွေ ဝေနေသည်။
"ငါ ဇိန်းကို ကြိုက်နေတယ်ထင်တယ်..."
"သိတယ်..."
ကာရံ့က ဦး၏ မျက်ဝန်းတွေ ကို စူးစမ်းကြည့်မိသည်။
"ဦး...
တစ်ကယ်ကလေ....""အင်း
ဦးနားထောင်နေပါတယ်...
ကျွန်တော် မချစ်တတ်ဘူး..."
ESTÁS LEYENDO
Your Father Become My Daddy(complete)