lw*26*

8.9K 407 12
                                    

"ကာရေ...ကာကာ
သားနဲ့ ဦး အိမ်ပြန်လာပြီ"

တိတ်ဆိ‌တ်နေသော အနေအထားကြောင့်
ဦး သည် အမောမဖြေနိုင်သေးဘဲ လှည့်ပတ်ရှာမိသည်။

ဦး က ဖုန်းထုတ်လိုက်ပြီး ဂုဏ့်ဆီ ကို ဖုန်းခေါ်လေသည်။

ဖုန်းသည်

"ဆက်သွယ်မှု့ဧရိယာပြင်သို့ ရောက်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါ.."

မူမမှန်သော အနေအထားကြောင့် ဦး ကမျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် ဂုဏ်ယူသွားသော သူ၏ ကားအား ခြေရာ ခံစက်တွင် ရှာလေသည်။

တစ်ရွေ့ရွေ့သွားနေသော အမှတ်ကလေး။
ဦး သည် ဒေါသ ထွက်လေပြီ။

"ဘာလို့ဒီနေ့ကျမှ စောက်အလွဲလွဲ တွေ ဖြစ်နေရတာလဲ
တောက်စ်!"

ကလေးငယ်အား သူ့နောက်ကျောတွင် ရှပ်အကျီ လက်ရှည်အဖြူဖြင့် ချည်လိုက်သည်။
ကားသော့ ကိုယူရင်း ထိ အမှတ်သွားရာ လမ်းနောက်သို့ လိုက်ရတော့မည်။

"ခွေးလောက်မှ သစ္စာ မရှိတဲ့ကောင်!"

.........#...........#.........#...........#............

"ဈာန် ဒါဘယ်လဲ ဗိုက်ကို ခုမှ ချုပ်ထားတာကို
ဒါ ဘာသဘောလဲ
ဘယ်သွားမလို့လဲ!"

ဈာန်က ပြုံးလိုက်သည်။

"ဒီ အနာ က စာမဖွဲ့ဘူး
မင်းသာ ဘာမဟုတ်တဲ့ အနာလေးနဲ့ ဆေးရုံမှာ နေပြီ ဇိမ်ခံနေတာ
ကျက်သတုံးကောင်ရဲ့!"

ဈာန်က ဟား လိုက်သည်။

"ဘယ်သွားမလို့ အလျင်လိုနေတာလဲ ငါ့ကောင်ရ!"

"မနက် ဖန် လေယာဉ် မမှီဘဲ နေမယ်!!"

ဇိန်က အတန်ကြာအောင်တိတ်ဆိတ်သွားသည်။

"ပြန်လာခဲ့!"

ဈာန်က ပြုံးလိုက်သည်။

"ဘာလဲ ခိုင်းစားရမဲ့ ငါ မရှိတော့ လို့လား?"

"ဒါပေါ့!"

ရယ်ရတယ်မလား ည၁၁နာရီခွဲရှိနေပြီ။
နောက်ဆုံး တစ်ခေါက်လေး တွေ့ဖို့ ဒဏ်ရာ ရနေတာတောင် ပြုံးပြုံးလေး ကိုကို့ ဆီ သွားခဲ့သည်။

"အိမ်ရှင်တို့!!"

ဝတီ က စိုင်း ပြန်လာတယ် အထင်ဖြင့် ပြေးထွက်လာ၏။

Your Father Become My Daddy(complete)Tahanan ng mga kuwento. Tumuklas ngayon