Unicode
"ကာကာ
အကို လာအိပ်ပေးရမလား""မလိုဘူး
တစ်ယောက်ထဲ နေချင်တယ်
လွှတ်ထားပေး"ကာရံ ငိုနေသည်မှာ ခုထိ မတိတ်သေး။
စိုင်းက သက်ပြင်းချလိုက်သည်။"အကို ထွက်သွားပေးမယ်..."
စိုင်းက ကာရံ့၏ ဘေးနားတွင် ဖုန်းချပေးလိုက်၏။
"တစ်ခုခု လိုအပ်ရင် အကို့ဆီ ဖုန်းဆက်..."
သက်ပြင်းလေး ချကာ ကာရံ့ဘေးနားမှ ထွက်ခွာမိသည်။
ကာရံကတော့ အခန်းထောင့်လေးတွင် မပြောင်းလဲ။
......................#....................#.......................
"ဈာန်...."
သူ့၏နာမည်ခေါ်သောကြောင့်အရက်မူးနေလျက်နှင့်ပင် ဈာန်က
အားယူကာ မော့ကြည့်လိုက်၏။"တို့နဲ့ အိပ်ပါ့လား
ဈေး က ခါတိုင်းဈေးပဲ"ခပ်ချောချော မိန်းမ၏ ဆွဲဆောင်မှု့။
ဈာန်က စိတ်မရှည်စွာ ဖြင့်
"ဖယ်စမ်း!
မထိနဲ့ ငါ့အသားကို
ကိုကို့ ကိုပဲ ထိစေချင်တာ...."ထို အမျိုးသမီးငယ် က မျက်မှောင်ကြုတ်၍သာ ထွက်သွား၏။
ဈာန်က စိတ်ရှုပ်စွာ
ခပ်ပြင်းပြင်းအရက်တစ်ခွက်ကို
တစ်ကျိုက် တည်းမော့လိုက်တယ်။ခုနက ရွံစရာ ကောင်းတဲ့ မိန်းမ က
ကိုယ်က ငြင်းလိုက်တော့ ချက်ချင်း သူများဘေးရောက်သွားသတဲ့။
ရွံဖို့ကောင်းလိုက်တာ...
ဒါပေမဲ့ ဒါဟာ သူ့ဝမ်းစာ ရေးပဲလေ။
သူမ ဟာ ရိုးရိုးသားသား ကိုယ့်ခွန်ကိုယ့်အားဖြင့်ရှာခြင်းသာ။သေချာ စူးစိုက်ကြည့် တော့မှ
"ဟင်...ကိုကို..."
ဝေးဝါးနေသည့် မျက်ဝန်းများမှ
ကိုကို့ အားမြင်လိုက်ရသည်။သို့သော်
မသေချာပါ။အနား သွား၍ စစ်ကြည့်တော့မှ ကိုကို မှ ကိုကို စစ်စစ်။
သောက်ထားသည့်အရှိန်သည် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားသလိုပင်။
"ကိုကို..."
စိုင်း၏ မျက်ခွံသည် လေးနေ၏။သောက်တာများနေသောကြောင့်လားမသိ ပါးသည် ခပ်ရဲရဲ။
VOCÊ ESTÁ LENDO
Your Father Become My Daddy(complete)