ပိတ်ပိတ်မှောင်နေသော ဟောခန်းကြီးထဲတွင်
ဖန်ခွက်နှင့် ရေခဲ လှိမ့်သံမှ လွှဲ ၍ မည်သည်ကိုမှ မကြားရ။
သို့သော်...အနီရောင် အလင်းလိုင်းတစ်ခုက
ခပ်ရေးရေး။
စီးကရက်အနံ့သည် ပြင်းသလို ...ခပ်ရှိန်းရှိန်း ရေမွှေးနံ့က ထောင်းခနဲ။ဂုဏ်က စီးကရက် ကို တစ်ချက်ရှိုက်လိုက်
လက်ထဲ မှ ဝီစကီ ခပ်ပြင်းပြင်း ကို တစ်ချိုက်မော့လိုက်နှင့် သူ၏ အတွေးများသည်
ပစ္စုပ္ပန်တွင် မရှိခဲ့။
အတိတ်သို့ ခနတာ မြောလွင့်နေခြင်း။လွန်ခဲ့သည့် ခုနစ်ခန့်
ကာရံ က သစ်ပင်လေး တစ်ပင်အောက်တွင်
ကုတ်၍ ထိုင်နေ၏။သူ့၏ မျက်လုံးများသည်လည်း ပုံမှန်မဟုတ်ခဲ့။
လက်ချောင်းများ ကြားတွင် သွေးစတို့သည် ခြောက်သွေ့နေခဲ့ပြီ။"ဟင်...ကာကာ"
ကာရံ၏ မျက်ဝန်းများသည် အသက်မရှိ။
"ဖေဖေ...သေပြီထင်တယ်...
ငါ သတ်လိုက်တာ ထင်တယ်..."ဂုဏ်က စိုးရိမ်စွာ အိမ်ထဲ ဝင်ကြည်ခဲ့သည်။
လှေကား ခြေရင်း ရှိ သွေးအိုင်ထဲ တွင် လှဲကျနေသော ကာရံ့၏ အဖေ။ထို့နောက် ကာရံ ဆီ ပြန်ပြေးသွားကာ
"ကာကာ ဘယ်လို ဖြစ်တာလဲ အကို့ ကိုပြောစမ်း!"
"ကြမ်းတိုက်နေတာ ..
မတော်တစ်ဆ ဆပ်ပြာဆီဗူး
ဖိတ်ကျကုန်တာကို...
အဖေ မြင်သွားတယ်...
ကာ့ ကို ဆဲတယ်
ရိုက်ဖို့လာတော့...""..."
"ရိုက်ဖို့လာတော့....
ချော်ပြီး လှေကားပေါ် ကနေ လိမ့်ကျသွားတာ
အောက်ဆင်းပြီး...ဖေဖေကို ကြည့်တော့ဖေဖေက
'လူသတ်သမား' တဲ့
နောက်ပြီး ဖေဖေ အသက်မရှုတော့ဘူး...ငါ လူသတ်လိုက်တာ...ငါ့အဖေ ကို.."
ဂုဏ်က ကာရံ့ကို ဖက်ကာ
"ကာ...သတ်တာ မဟုတ်ဘူး...
သူ့ဘာသာ သူ ဖြစ်တာ...
ကာ က လူသတ်သမား မဟုတ်ဘူး..."ဂုဏ့်၏ ချစ်မေတ္တာ သည် သွေးသားအရင်းအချာ တစ်ယောက် လို အဖြူထည် မြတ်နိုးခဲ့ပေမဲ့
ကာလကြာတော့..အနီရောင် တစ်ဖက်သတ် စွန်းထင်ခဲ့သည်။
DU LIEST GERADE
Your Father Become My Daddy(complete)