"ကိုကို.."
ကာရံက မျက်ခုံးပင့်လိုက်သည်။
"ကျက်သိမ်းထလိုက်တာ!
နွေဦးဟန်သာ..."နွေဦး၏ ခန့်မှန်းရ ခက်သည့် မျက်နှာ..
"မောင်လေး က ချစ်စရာလေးနော်..."
ကာရံ့လက်ထဲ မှ ကလေးငယ် အား မျက်လုံးစောင်းရင်း ကြည့်လိုက်သည်။
ထိုသည်ကို ကာရံ က မျက်မှောင်ကြုတ်လိုက်၏။"ကိုကို..ကလေးအဖေ ကိုရွေးမှာလား..?"
ကာရံ ကပြုံးလိုက်သည်။
"ငါ က နင့်အဖေ ကိုရွေးပြီး
နင့်ရဲ့ ဖေဖေ လေး ဖြစ်လာမှာလေ..
ဘယ်လိုလဲ လောင်းကစားမှာ ငါနိုင်တယ်မလား"နွေဦးက အံကိုကြိတ်ရင်းပြုံးပြလိုက်သည့်အခါ မျက်နှာက မချိုမချဉ် ရုပ်မျိုး။
ကာရံကတော့ အောင်နိုင်သူအပြုံဖြင့်သာ။
နွေဦး၏ မျက်လုံးထဲတွင် ဒေါသမီးတို့တောက်လောင်နေသည်။
သူမတွေးမိသည်။
"ဟုတ်သားပဲ!
ဒီကိစ္စသာ ပြီးရင် ပြသနာ အားလုံးပြေလည်ပြီပဲ!"နွေဦး က ပြုံးလိုက်သည်။
သူမ၏ မျက်ဝန်းများသည်သိသိသာသာ အရောင်လက်နေ၏။"ဖေဖေ..."
"ပြော နွေဦး
အဖေ အလုပ်ရှုပ်နေတယ်!"နွေဦးက ပြုံးယောင်လေပြုံးလိုက်သည်။
"သမီး ကူညီ ရမလား ဟင်..."
"မလိုဘူး!
အဖေ ဒီည ပြန်မလာတော့ဘူး!"ဦး၏ ပုံစံသည် နွေဦး အရင်ကတွေ့ဖူးသလို တည်ငြိမ်မနေခဲ့။
ပြာယာခက်နေသည်။
စာကြည့်မျက်မှန်ပင် မချွတ်နိုင်ဘဲ
လက်ထဲ မှ ဖိုင်တွေ ကို အိတ်ထဲ အမြန်ထည့်ကာ ကုတ်အကျီ ကိုအမြန်ဝတ်ရင်းထွက်သွားလိုက်သည်။နွေဦး က ကျောခိုင်းသွားသည့်ကျောပြင်အားကြည့်ရင်း သူမအတွေးနဲ့ သူမ ပျော်နေ၏။
"ကံတရားက ငါ့ဘက်ပါလား
နွေဦး ဟန်သာ ဆိုတာ ခပ်ညံ့ညံ့ မိန်းမ မဟုတ်ဘူး!!"နို့နံ့သင်းနေသော ဒြပ်လေး။
အသားက ခပ်ညိုညိုလေးနှင့်ပင်။
သို့သော် ဝိုင်းစက်သော မျက်ဝန်းတွေ က ကာရံ့ဆီ က အမွေရထားသည်။
ဒြပ်ကတစ်ကယ့်ကို ဂျစ်တူးလေး။
ကလေး ငယ်အား ဖက်ရင်း
ကာရံ အိပ်ပျော်သွားသည်။
ဒီကလေးကို မွေးဖွားခဲ့ရခြင်းအတွက်
ကာရံ လုံးဝ နောင်တမရ။
KAMU SEDANG MEMBACA
Your Father Become My Daddy(complete)