Part 1

7.8K 341 31
                                    

"Hey ဂျောင်ဂုဂါး"
Jin တစ်ယောက် Jungkook အခန်းရှေ့မှာ တံခါးခေါက်တာ 3ခါလောက်ရှိပြီဖြစ်၏။
"အဲ့ကောင် ဘယ်သွားနေတာတုန်းဟ"

Jimin - hyung သူအချိန်ပိုင်းအလုပ်သွားလိုက်တာများလား?
Jin - ဟ မင်းရူးနေလား ဒီနေ့က တက္ကသိုလ် စဖွင့်တဲ့နေ့လေ သူအလုပ်သွားပါ့မလား?
သူ့အမေအိမ်ကို သွားတာများလား?
RM - သူ့ဖုန်းကို ခေါ်လိုက်ကြပါလား?
Suga - အကုန်တိတ်တိတ်နေစမ်းပါ နားကိုငြီးနေတာပဲ

သူတို့လေးယောက် စကားအချေအတင်များနေစဉ် အခန်းထဲမှ Jungkookတစ်ယောက် အိပ်ချင်မူးတူးနဲ့ ခေါင်းကလဲ ရှုပ်ပွနေပြီး မျက်လုံးများက အခုထိမပွင့်သေးပဲ တံခါးဖွင့်ပေးလာသည်
Jin - အို မင်းအသက်ရှင်နေသေးတာပဲ ပြန်တွေ့ရတာ၀မ်းသာပါတယ်
ငါကမင်းသေသွားပြီထင်နေတာ
‌ဟဲ့ အရူးကောင် ငါတို့တွေမင်းကို စောင့်နေတာ
ဒီနေ့ တက္ကသိုလ်ဖွင့်ရက်ဆိုတာ မင်းရဲ့အုန်းသီးခေါင်းထဲမမှတ်ထားဘူးလား?😡

Jimin - မင်းကြောင့် ငါတို့တွေကျောင်းနောက်ကျနေပြီ Jungkook

Jungkook - ကျတော့်ကိုစောင့်ပါလို့ ပြောထားလို့လား?
အရင်သွားနှင့်ကြ ပြီးမှ ကျနော်လာခဲ့မယ်
ပထမဆုံးကျောင်းတက်ရက်ကို ကျနော့်ကြောင့်
အနောက်ကျမခံနဲ့လေ
J-hope - သေချာလို့လား? မင်းစောင့်စေချင်ရင်ငါတို့စောင့်ပေးလို့ရပါတယ်

Jungkook - ရတယ် သွားနှင့်ကြ ကျနော်ပြီးမှ လာခဲ့မယ်
Jin - 15မိနစ်အတွင်းလာခဲ့

ထို့နောက်သူတို့ 5ယောက် ကျောင်းသို့ထွက်လာခဲ့ကြသည်။သူတို့အခန်းထဲရောက်တော့ ကျောင်းပြောင်းလာတဲ့ Hot girl လေးများရှိမလားဆိုပြီး ရှာကြည့်ကြသည်။သို့သော် မြင်ဖူးနေကြ မျက်နှာတွေပဲ မြင်လိုက်ရသည်။

Jimin - အိုး ကျောင်းသူသစ်လေးတွေလဲ မရှိပါလား စိတ်မကောင်းစရာပဲ
Suga - ကျောင်းသူသစ်တွေ မင်းကလိုချင်နေတာလား?
Jimin - Oh my grandpa မနာလို‌ဖြစ်နေတာလား?
အံ့ဩစရာပဲ မင်းကို အိပ်တာတစ်ခုပဲ သိတဲ့သူ‌လို့ထင်ထားတာ
Suga - ပါးစပ်ပိတ် အပုလေး
Jimin - မဟုတ်လို့လား?
Jin - ပါးစပ်ပိတ်တော့ ဟိတ်ကောင်တွေ ဒါကျောင်းနော်
Jimin - အော် ဟုတ်သား မနေ့ညက တစ်စုံတစ်ယောက် နဲ့ တစ်စုံတစ်ယောက် ဘာတွေလုပ်နေမှန်းမသိ အား အားလို့အော်....
RM - ပါးစပ်ပိတ်လိုက်တော့ Jimin
Hobi - အကုန်ပါးစပ်ပိတ်လိုက်တော့ ငါလေး single ဖြစ်နေတာသနားစရာ

ကောင်ဆိုးလေးရဲ့ ဆရာ (Completed)Where stories live. Discover now