Jackမှာ ဂျောင်ဂုရဲ့အပြုအမူတွေကြောင့် မပျော်ရပါ။
ဘာကြောင့်လဲဆိုတော့ သူ့ဘက်က ဂျောင်ဂုကိုရန်စလိုက်တိုင်း ဂျောင်ဂုက သူ့ကို ဂရုတောင်မစိုက်လို့ပင်။
ဂျောင်ဟိုမှာတော့ ဂျူအွန်းရဲ့ ဆရာကင်အပေါ်ပြုမူနေတဲ့ အရာတွေကြောင့် သူ့စိတ်ထဲရှုပ်ထွေးနေသည်။
ဂျူအွန်းမှာတော့ ထယ်ယောင်းရဲ့ ၆လပြည့်ပြီး ကွာရှင်းမဲ့နေ့ကို သူစောင့်နေသည်။
ထယ်ယောင်းကလွဲပြီး ဂျောင်ဂုရဲ့ လျှို့ဝှက်ချက်ကို အကုန်သိနေကြသည်။
ထယ်ယောင်းကသာ ဘာမှမသိပေ။
ဒါပေမဲ့ ထယ်ယောင်းသိတာတစ်ခုကတော့ ဂျောင်ဂုက သူ့ကိုချစ်နေသေးတယ်ဆိုတာပါပဲ
ဒီလောက်ဆိုလုံလောက်ပါပြီလေ။၂လလောက် ဒီလိုအခြေအနေအတိုင်းဖြတ်သန်းခဲ့ကြသည်။
နှစ်ယောက်သားက အတူတူညတိုင်း စာအပြန်အလှန်ပို့ဖြစ်ကြသည်။
အပြင်မှာတွေ့ရင်တော့ ဂျောင်ဂုကထယ်ယောင်းကို လျစ်လျူရှူထားသည်။ညရောက်တော့ ထယ်ယောင်းက ဂျောင်ဂုဆီစာပို့ဖြစ်သည်။
TH - kookieလေး အိမ်စာတွေပြီးပြီလား?
Jk - ပြီးသွားပြီ ဒါနဲ့ဆရာ့ကို တစ်ခုပြောရဦးမယ်
TH - ဘာများလဲ?
Jk - နက်ဖြန်ကျရင် ကျနော့်အမေအိမ်က ကျနော်ထွက်သွားတော့မယ်
TH - ဘာလို့လဲ အဲ့မှာ ပြဿနာတစ်ခုခုရှိလို့လား?
ကိုယ်အခုမင်းဆီလာပေးရမလား?Jk - မလာပါနဲ့ ကျနော့်ဟာကျနော်လုပ်မယ်
ကျနော်အဲ့နေရာကနေပဲ စာကိုလေ့လာတော့မယ်TH - ဘာလို့လဲ? ကုဂီး
အခု ၂လတောင်ကုန်သွားပြီလေ ဟမ်!!!!!!!
ကိုယ်ဘယ်အထိ မင်းကို ထပ်စောင့်ရဦးမှာလဲJk - ထယ်ထယ် အရာအားလုံးအဆင်ပြေသွားမှာပါ
TH - ဒီကိုဘယ်အချိန်ပြန်လာမှာလဲ?
Jk - ၁နှစ်လောက်ကြာရင်ပေါ့
TH - ၁နှစ်တောင် ဘာလို့လဲ?
Jk - အဘွားကတစ်ယောက်ထဲဖြစ်နေတော့ ကျနော်သွားနေချင်လို့
TH - ကိုယ်တို့သူနာပြုငှားပေးလို့ရတာပဲလေ
Jk - မလိုပါဘူး ကျနော်ကိုယ်တိုင်သွားချင်လို့
TH - မင်းက အမြဲမင်းဆုံးဖြတ်ချက်အတိုင်းပဲလုပ်တာပဲ
ကိုယ်ဆိုတာ မင်းအတွက် အရူးတစ်ယောက်လိုပဲ
မင်းစိတ်ကြိုက်သာ လုပ်ပါတော့
YOU ARE READING
ကောင်ဆိုးလေးရဲ့ ဆရာ (Completed)
Romanceဆိုးသွမ်းတဲ့ကောင်လေးနဲ့ တက္ကသိုလ်ဆရာတို့ကြားက ချစ်ဇာတ်လမ်းလေး တစ်ပုဒ်❣️ (Unicode only)