Part 6

2.5K 201 11
                                    

ထယ်ယောင်းတို့ မနက္မိုးလင်းလာ‌ေတာ့ အိပ်နေတုန်း ထယ်ယောင်းရဲ့ဖုန်းက ရုတ်တရက်အသံမြည်လာသည်။
ဘယ်သူ‌ဖုန်းခေါ်လဲဆိုပြီး ဖုန်းနံပါတ်ကိုကြည့်လိုက်ပြီးနောက် မကိုင်ဖို့ ဆုံးဖြတ်လိုက်သည်။
ထို့နောက်သူ့ရင်ဘတ်ပေါ်မှာ တစ်ခုခုရှိနေသလိုပင်။
သူလေးလံမှုကိုခံစားနေရသည်။
ကြည့်လိုက်တော့ ဂျောင်ဂုက ထယ်ယောင်းရဲ့ရင်ဘတ်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာပဲ
ထယ်ယောင်းခပ်တိုးတိုးရယ်မိသည်။
ဒါသူ့ကို လက်ချောင်းလေးနဲ့တောင် လာမထိနဲ့လို့ပြောတဲ့သူနဲ့ တစ်ယောက်တည်းကောဟုတ်ရဲ့လား?
ထို့နောက် ထယ်ယောင်းရဲ့ လက်ချောင်းများက ဂျောင်ဂုရဲ့ ဆံနွယ်လေးတွေကို ဖွဖွထိလိုက်သည်။
ဆံနွယ်များရှင်းသွားတဲ့ ဂျောင်ဂု နဖူးလေးအား ထယ်ယောင်း နက်နက်ရှိုင်းရှိုင်း အနမ်းပေးမိသည်။

ပြီးနောက် အိပ်ရာပေါ်က ဖြေးဖြေးထလိုက်သည်။
ဘာကြောင့်လဲဆိုတော့ ဂျောင်ဂုအိပ်နေတာကို မနိုးသွားစေချင်လို့ပင်။
ထယ်ယောင်းလဲ နောက်တော့ ရေချိုးခန်းထဲ၀င်သွားသည်။

ဂျောင်ဂုဘက္မှာလဲ ရုတ်တရက်ထ
်ယောင်းထသွားတော့ အအေးဒဏ်ကို ခံစားမိလိုက်သည်။
ထို့ကြောင့် စောင်ကို တစ်ကိုယ်လုံး လုံအောင် ဆွဲခြုံလိုက်သည်။
ထယ်ယောင်းရေချိုးပြီးထွက်လာပြီးနောက် အ၀တ်စားလဲလိုက်သည်။
ထို့နောက် ဂျောင်ဂုကို နိုးဖို့ပြင်တော့သည်။

TH - ထတော့ ဂျောင်ဂု မင်းနောက်ကျနေပြီ

Jk - 5မိနစ်ပဲ 5မိနစ်

TH - ဘာ 5မိနစ်တုန်း မင်းဟာက အခုနောက်ကျနေပြီလေ ဂျောင်ဂု

Jk - ထယ်ထယ်ကလေ အမြဲ ကျနော့်အပေါ်ဆို အကောင်းကို မမြင်ဘူး

TH - ဟင် ထယ်ထယ်😳? သူဘာလိုခေါ်လိုက်တာလဲဟ?
Jeon Jungkook!!!!!!

ဂျောင်ဂုလဲ ရုတ်တရက်သူပြောလိုက္မိတဲ့စကားကြောင့်
လန့်သွားသည်။

Jk - ခင်ဗျား ဘာလို့လာအော်နေတာလဲ ကျနော့နားတောင်အူသွားတာပဲ ဘာလိုချင်လို့လဲ?

TH - အချိန်ကို ကြည့်ဦး

Jk - omg ခင်ဗျား ဘာလို့‌ကျနော့်ကို စောစောမနိုးတာလ‌ဲ?

ကောင်ဆိုးလေးရဲ့ ဆရာ (Completed)Where stories live. Discover now