Part 22

2.4K 161 19
                                    

ကျောင်းကတော့ ထိုဖြစ်ရပ်ကြောင့် တစ်ပတ်ပိတ်လိုက်ရသည်။ရဲတွေက လူသတ်မှုလို့ ယူဆတဲ့အတွက်ကြောင့်ပေါ့။ ဒါကြောင့်လဲ ကျောင်းကို တစ်ပတ်ပိတ်လိုက်ရခြင်းဖြစ်သည်။
ထယ်ယောင်းက‌လဲ ဂျောင်ဟို သေဆုံးသွားကြောင်းကို ဂျောင်ဂုအ‌ားပြောပြလေသည်။
ဒါပေမဲ့ ဂျောင်ဂုကတော့ လန့်မသွားခဲ့ပါ။
အဲ့အရာကပဲ ထယ်ယောင်းကို အံ့ဩသွားစေသည်။

TH pov - သူငါ့ကို ဖုံးကွယ်ထားတာအရာက အဲ့တာလား?
တကယ်ပဲဂျူအွန်းကြောင့်လား?
ဘယ်သူက ဂျောင်ဟိုကို သတ်လိုက်ရတာလဲ?
တကယ်ပဲ သူက စိတ်ရောဂါဝေဒနာရှင်လား?
အဲ့တာကြောင့်ပဲ ငါ့ရဲ့ kookie‌ေလးက ငါ့ဆီက ထွက်ပြေးသွားတာလား?
သူ သူမကိုကြောက်လို့များလား?
အို အဲ့တာကြောင့်များလား?
ဒါပေမဲ့သူ သူမက စိတ်ရောဂါဝေဒနာရှင်ဆိုတာ သူဘယ်လိုသိသွားရတာလဲ?
ငါသူ့ကိုမေးသင့်တယ်

ထယ်ယောင်းလဲ သူသိချင်တာသိရဖို့ ဂျောင်ဂုကိုဖုန်းခေါ်လိုက်သည်။

TH - kookie

Jk - ပြောလေ ထယ်ထယ်

TH - အဲ့တာဂျူအွန်းကြောင့်လား?

Jk - ဘာကိုလဲ?

TH - ဂျောင်ဟိုကို သတ်လိုက်တဲ့လူလေ?

Jk - ......

TH - တိတ်ဆိတ်မနေပါနဲ့

Jk - ဟုတ်တယ်

TH - ဒါပေမဲ့ ဘယ်ကနေ ဘယ်လို?

Jk - သူမက ထယ်ထယ့်ကို သဘာကျနေတာလေ

TH - ဘာကြီး!!!!!!

Jk - ဟုတ်တယ် ထယ်ထယ် သူမ ထယ်ထယ့်ကိုချစ်နေတာ ကျနော့်အထင်ပြောရရင် သူမက စိတ်ရောဂါဝေဒနာရှင်တစ်ယောက်ပဲ

TH - ဘယ်လိုလုပ်သိတာလဲ?

Jk - ထယ်ထယ်ကျနော်နဲ့ Jackနောက်ဆုံးရန်ဖြစ်တာကို မှတ်မိသေးလား?

TH - အင်း

Jk - ထယ်ထယ်အရင်ထွက်သွားတော့ Jin hyungက ကျောင်းဆေးခန်းကို ကျနော့်ကိုခေါ်သွားပေးတယ်လေ
ပြီးတာနဲ့ ကျနော်လဲ ထယ်ထယ့်နားနေခန်းထဲလာခဲ့တယ်
အဲ့မရောက်ခင်

TH - ဘာဖြစ်တာလဲ?

Jk - ဂျူအွန်းက တစ်စုံတစ်ယောက်နဲ့ ဖုန်းပြောနေတာကို ကျနော်ကြားခဲ့တယ် ကျနော်နဲ့ ထယ်ထယ်ရဲ့အကြောင်းပေါ့

ကောင်ဆိုးလေးရဲ့ ဆရာ (Completed)Where stories live. Discover now