Part 14

2.3K 179 34
                                    

ဂျောင်ဂုတစ်ယောက် မယုံနိုင်‌ေလာက်‌ေအာင် မျက်ရည်များလဲ စီးကျနေသည်။
သူ့နှလုံးခုန်သံတွေမှာလဲ မြန်လွန်းလို့ နှလုံးတစ်ခုလုံးကွဲထွက်တော့မလိုခံစား‌ေနရသည်။
သူလဲ သူ့အခန်းထဲမှ အမြန်ပြေးထွက်လာကာ ထယ်ယောင်းရဲ့ အခန်းတံခါးကို အားနဲ့သွားထုတော့သည်။
ထုနေစဉ် တံခါးက lockမချထားတာကို တွေ့လိုက်တော့သူဖွင့်လိုက်သည်။

ထယ်ယောင်းကတော့ သူ့ ကွန်ပြူတာတစ်လုံးနှင့်အလုပ်ရှုပ်နေသည်။
ဂျောင်ဂုကတော့ တံခါးဆွဲပြီး ပြေး၀င်သွားကာ ထယ်ယောင်းကို လုံး၀မလွှတ်ပေးတော့မည်အလား အားရပါးရ ဆွဲဖက်ပစ်လိုက်သည်။

ထယ်ယောင်းကတော့ ရုတ်တရက်ကြီးဖြစ်သွားတော့ ကြောင်တောင်တောင်နဲ့ပေါ့

TH - ဂျောင်ဂု မင်းဒီကိုဘာလာလုပ်တာလဲ? ကိုယ့်အိမ် လိပ်စာကော မင်းဘယ်လိုသိတာလဲ?

ဂျောင်ဂုလဲ ဖက်ထားတာကို လွှတ်ပေးလိုက်ပြီး ထယ်ယောင်းရဲ့ ပါးလေးနှစ်ဖက်ကို သူ့လက်သေးသေးလေးနှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

"ထယ် ထယ်"

TH - ကိုယ့် kookieလေး ဘာလို့ငိုနေတာတုန်းပြော
ကိုယ့်ကြောင့်လား? အရာအားလုံးကိုယ့်အမှားတွေကြောင့်ပါ ဒါပေမဲ့ ကိုယ့်ကိုယုံ ကိုယ်မင်းအ‌ပေါ်မဖောက်ပြန်ပါဘူး

Jk - ကျနော်သိပါတယ်

TH - ဘယ်လိုသိတာလဲ?

Jk - ဆရာ့ရဲ့ ယောကျာ်းက ဘယ်မှာလဲ?

TH - သူ့အခန်းထဲမှာ နေမှာပေါ့

Jk - ဆရာတို့နှစ်ယောက် သပ်သပ်ဆီနေကြတာလား

TH - kookieရေ ကိုယ်ဘယ်လိုလုပ်သူနဲ့ အတူနေနိုင်ပါ့မလဲ ကိုယ်မှသူ့ကိုမချစ်တာ လက်ထပ်လိုက်တယ်ဆိုတာကလဲ ကတိတစ်ခုကြောင့်ပဲ နောက်ဆုံး ဆန်ဒကြောင့်
Single motherရဲ့ နောက်ဆုံးဆန်ဒလေးကြောင့်ပါပဲ
ကိုယ် သူမရဲ့ ဆန်ဒလေးကို မငြင်းပယ်ချင်လို့လေ
ကိုယ့်ကိုယုံ ကိုယ်တို့ ၆လပြည့်တာနဲ့ ကွာရှင်းကြတော့မှာ

ဂျောင်ဂုကတော့ ထိုစကားလေးကြောင့် ၀မ်းနည်းသွားသည်။

TH - ဘာဖြစ်သွားတာလဲ ကုဂီး? ကိုယ့်ကို မယုံလို့လားဟင်

ကောင်ဆိုးလေးရဲ့ ဆရာ (Completed)Where stories live. Discover now