Part 11

2K 185 19
                                    

ဂျောင်ဂုတစ်ယောက် ကျောင်းသွားဖို့အတွက် Ready ဖြစ်နေပြီဖြစ်သည်။
ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ မျက်ရည်တွေကျနေဆဲပဲ။
ဒီ‌ေန့ သူဆရာကင်ကို သူဘယ်လို ရင်ဆိုင်ရမလဲ မသိပေ။
သူတွေးနေတုန်း အိမ်ရှေ့တံခါးက bellတီးသံတစ်ခုက သူ့အတွေးတွေကို ရပ်တန့်သွားစေသည်။
ထို့နောက် သူလဲ တံခါးရှိရာ သွားကာ
တံခါးကိုဖွင့်လိုက်သည်။
ဖွင့်လိုက်တော့ တွေ့လိုက်ရတာက လူတစ်ယောက်က fileတစ်ခုကို ကိုင်ထားပြီး ရပ်နေတာပင်။

Someone - ဒီဘက်က ဂျောင်ဂု လား?

Jk - ဟုတ်ပါတယ်

Someone - ဆရာဆိုးဂျွန်က လက္မှတ်ထိုးဖို့ စာရွက်ဖိုင် ပို့ခိုင်းလိုက်တာလေး ဒီမှာပါ

ဂျောင်ဂုလဲ ထိုလူကို အိမ်ထဲခေါ်ကာ ဖိုင်ကို ထိုလူ့ဆီမှ ယူပြီး
လက္မှတ်ထိုးပေးလိုက်သည်။

Someone - ကျေးဇူးပါဆရာ ညနေကျရင် ကားတစ်စီးလွှတ်လိုက်ပါမယ် စောင့်နေပါနော်

Jk - ကောင်းပြီလေ

ဒီလိုနဲ့ ဟိုလူထွက်သွားပြီး ဂျောင်ဂုလဲ ကျောင်းဆီသို့ ထွက်လာခဲ့သည်။

ကျောင်းရောက်တော့

JM - ဒါဆိုမင်းက အဲ့ လူအိုကြီးနဲ့ အတူတူနေရတော့မှာပေါ့

Jk - အင်း

Jin - အရာအားလုံးအဆင်ပြေသွားမှာပါ ဂျောင်ဂုရေ ငါတို့တွေလဲ မင်းကိုချစ်တာပဲ

Jk - အဆင်ပြေမယ်ထင်တာပါပဲ

JH - ဆရာကင် အခုထိမလာသေးပါလား

Suga - ပါးစပ်ပိတ် ဟိုဘီ ဂျောင်ဂုကို ၀မ်းနည်းအောင် ထပ်မလုပ်ပါနဲ့

ဂျောင်ဂုတစ်ယောက်လဲ သူ့နေရာမှ ထရပ်ကာ တစ်ယောက်ထဲ လမ်းလျှောက်ထွက်လာလိုက်သည်။
လျှောက်နေရင်း ဆရာကင်ရဲ့ နားနေခန်းရှေ့နားရောက်လာသည်။
ကြည့်လိုက်တော့ သော့ခတ်ထားတာပဲ
သူမျက်ရည်များ ကျလာမိသည်။
ထို့နောက် သူတီးတိုးရွတ်ဆိုမိသည်။

"ကျနော့်ဘ၀ထဲ ခင်ဗျားကြီး ဘာလို့ ၀င်လာရတာလဲ အခုတော့ ကျနော်အရမ်းနာကျင်နေရပြီ"

ညနေရောက်တော့ ဂျောင်ဂုလဲ အိမ်ပြန်လာပြီးနောက်
သူ့အ၀တ်အစားတွေ စာအုပ်တွေ လိုအပ်တဲ့အရာတွေအကုန် ထည့်သိမ်းနေသည်။
သူဟိုလူ့အိမ်ကို လိုက်သွားရတော့မည်ကို။
ထို့နောက် ကားဟွန်းတီးသံကို သူကြားလိုက်ရသည်။
ထည့်စရာရှိတာတွေ အကုန်ထည့်ပြီးနောက် သူ့အိမ်ကလေးကို သေချာပြန်ကြည့်နေမိသည်။
သူမေမေနဲ့ နေခဲ့တုန်းက အမှတ်တရတွေကို တွေးရင်းပေါ့
မိနစ်အနည်းငယ်ကြာလာတော့
သူလဲ သူ့ရဲ့ ခရီးဆောင်အိတ်ကို ယူလာကာ ကားဆီသို့ သွားပြီးနောက်
ကားနောက်ဖုံးထဲ သူ့ပစ်စည်းတွေ ထည့်ပြီးနောက်
သူလဲ passenger နေရာမှာ ထိုင်လိုက်သည်။
ထို့နောက် ကားကလဲ စတင်ထွက်ခွာလေပြီ။

ကောင်ဆိုးလေးရဲ့ ဆရာ (Completed)Where stories live. Discover now