Part 23 (Final)

4.1K 210 13
                                    

ထယ်ယောင်းလဲ ဂျောင်ဂုကိုခေါ်ဖို့ ဂျောင်ဂုအဘွားအိမ်ကို သွားလိုက်သည်။
အဘွားအိမ်ရောက်တော့ ဘဲလ်လေးတီးလိုက်တာ အဘွားက တံခါးလာဖွင့်ပေးသည်။
အဘွားပုံစံကြည့်ရသည်မှာလဲ အခုထိ သွက်လက်ချက်ချာနေတုန်းပင်။

အဘွား - ဒီဘက်က အဘွားမြေးလေးရဲ့ အမျိုးသား ဟုတ်တယ်မလား?

TH - ဟုတ်ပါတယ် အဘွား တွေ့ရတာ၀မ်းသာပါတယ်

အဘွား - အဘွားကောပဲ ဘာသောက်ချင်လဲ?

TH - မသောက်တော့ပါဘူး အဘွားကျနော်အဆင်ပြေပါတယ်

အဘွား - ကောင်းပြီအပေါ်ထပ်ကို တက်သွားလိုက် သူအပေါ်ထပ်မှာရှိတယ်

TH - ကျနော်တကယ်တက်သွားလို့ရလား?

အဘွား - ကိုယ်လူချောရယ် ခွင့်ပြုချက်တွေမလိုပါဘူး ကိုယ့်အမျိုးသားလေးဆီသွားတာပဲကို

TH - ဟီး ဟုတ်ကဲ့ဗျ

ထယ်ယောင်းလဲ ထို့နောက်အပေါ်တက်သွားလိုက်သည်။
ထို့နောက်တံခါးဖွင့်ထားတဲ့ အခန်းထဲသို့ စဉ်းစားမနေတော့ပဲ၀င်လိုက်သည်။
သို့သော်ဘယ်သူ့ကိုမှမတွေ့ရ။
ခရီးဆောင်အိတ်ကတော့ အိပ်ရာပေါ်မှာတင်ထားတာကိုတွေ့လိုက်ရသည်။
ထိုအချိန် ထယ်ယောင်းအနောက္မှ လူတစ်ယောက်က သူ့မျက်လုံးနှစ်ဖက်အား လက်သေးသေးလေးတွေနဲ့ လာအုပ်လေသည်။

TH - kookieလေး

Jk - hey appa

TH - appa?

Jk - အာ ကျနော်တို့ကလေးလေးရဲ့အဖေလို့ပြောတာ

ထိုသို့ဆိုလိုက်တော့ ထယ်ယောင်းရဲ့လက်တွေက ဂျောင်ဂုရဲ့ ဗိုက်ပူလေးဆီရောက်သွားသည်။
်ထယ်ယောင်းက ထို့နောက် မျက်ရည်များဝဲလာရသည်။
ဂျောင်ဂုက ထိုအရာကိုမြင်လိုက်တော့ ထယ်ယောင်းရဲ့ ပါးလေးနှစ်ဖက်ကို သူဆွဲကိုင်ကာ နဖူးလေးကိုခြေဖျားထောက်ပြီး နမ်းလိုက်သည်။

Jk - မငိုပါနဲ့ ထယ်ထယ်

TH - ကုဂီးလေး ကိုယ့်ကလေးလေး ကိုယ်မင်းကို အများကြီးချစ်တယ် ကိုယ့်ဘ၀ကိုပြီးပြည့်စုံစေတဲ့အတွက် မင်းကို သိပ်ကျေးဇူးတင်တာပဲ

Jk - ကျနော်ကောပဲလေ သွားကြတော့မလား?

TH - သွားကြတာပေ့ါ ဒါနဲ့အဘွားကို ဘယ်လိုလုပ်မလဲ?

ကောင်ဆိုးလေးရဲ့ ဆရာ (Completed)Where stories live. Discover now