ICCILUHM 1

9.4K 515 11
                                    

Unicode

*ကိုကို့ရဲ့ ၃၁ နှစ်ပြည့်မွေးနေ့နဲ့ ယုံကြည်ရာတစ်ခုအတွက် တစ်ထောင်ကျပ်နဲ့ရောင်းခဲ့တဲ့ ICCILUHM fic လေးကို အကြောင်းကြောင်းကြောင့် မပါဝင်လိုက်ရသူတွေ၊ ဓမ္မနဲ့အဓမ္မကို ခွဲခြားသိနိုင်ရုံတင်မဟုတ်ဘဲ ဓမ္မကို အနိုင်ရဖို့ အခက်အခဲတွေကြားထဲကနေ နည်းအမျိုးမျိုးနဲ့ ကြိုးစားပါဝင်နေကြသူတွေအားလုံး ဖတ်လို့ရအောင် wp မှာ ပြန်တင်လိုက်ပါတယ်ရှင်။ ပိုပြီးပင်ပန်းလာကြတယ်။ မွန်းကြပ်လာနေတယ်။ ဒါပေမယ့် လေးငယ်တို့တွေ ဘာအကြောင်းကြောင့်မှ ယုံကြည်ချက်ကိုလက်မလွှတ်ဘူး။ ယုံကြည်ရာလမ်းကြောင်းကို ဘယ်တော့မှ မသွေဖီသွားကြေးနော်။ စိတ်ညစ်တိုင်းကလစ်ပါ။ ဘဝတွေ၊ အသက်တွေ စွန့်လွှတ်လိုက်ရတဲ့သူတွေနဲ့ ယှဉ်ရင် ကလစ်တာနဲ့လှူတာ၊ ကူတာက တလရမှာ အလွယ်ဆုံးအလုပ်ပါပဲ*

xxxxxxxxxxxxxxxx

ရှောင်းကျန့်သည် ဖြတ်သန်းဂိတ်မှာ ID card ပြ ပြီး ကား ကို ပေကျင်းမြို့၊ ဘာသာဗေဒတက္ကသိုလ်ဝင်း ထဲအထိ မောင်းဝင်လာခဲ့လိုက်သည်။ car parking မှာ ကားကို ရပ် လိုက် ပြီး တာ နဲ့ ကားပေါ်က ဆင်းလိုက်သည်။

ကျောင်းသူ၊ ကျောင်းသားတစ်ချို့ စာသင်ခန်းထဲက ထွက်လာကြတာ၊ တစ်ချို့တွေ အတန်းချိန် အကူးအပြောင်းမို့ စာသင်ခန်းထဲဝင်သွားကြတာတွေကို သူ လှမ်းကြည့်ရင်း တွေ့လိုသူကို ရှာဖွေနေမိ သည်။

စာသင်ခန်းတစ်ခုထဲက ထွက်လာပြီး လှေခါးထစ်တွေအတိုင်း ဆင်းလာနေသူကို မြင်လိုက်တဲ့ခဏ ရှောင်းကျန့်ရဲ့မျက်လုံးတွေ အရောင်လက်သွားသလို နှုတ်ခမ်းတွေကလည်း တွန့်ကွေးပြုံးသွား ကြ လေ သည်။

ကို ကို...

ပိန်သွယ်ပါးလျသည့် ခန္ဓာကိုယ်ငယ်ဖြင့် ကိုကိုသည် မီးခိုးရောင်ဘောင်းဘီရှည်နှင့် သနပ်ခါးရောင် ရှပ်အင်္ကျီလက်ရှည်ကို ဝတ်ဆင်ထားသည်။ စာသင်ချိန်မှာ ဝတ်ထားခဲ့ပုံရသည့် မီးခိုးရောင်ဖလန်နယ်ကွက် အပေါ်ကုတ်ကို အခုတော့ ချွတ်ထားပြီး ဘယ်လက်တွင် ချိတ်တင်ထားသည်။ ညာလက်တွင်တော့ ဆရာတွေ ကိုင်လေ့ရှိသည့် လက်ဆွဲအိတ်အနက်ရောင်ကို ကိုင်ဆွဲထားလေ သည်။

I Can't Count I Love You How MuchWhere stories live. Discover now