ICCILUHM 2

3.4K 396 7
                                    

Unicode

"ပြန်လာမယ့်ရက်ကို မိဘတွေကိုလည်း ကြိုမပြော၊ ဦးရန်က ကုမ္ပဏီက ဧည့်သည်တွေကို လေဆိပ်လိုက်ပို့လို့ တွေ့ရတာပဲ။ သူ့ကို ပြန်လွှတ်ပြီး လေလွင့်ချင်သလိုလွင့်တာ ကောင်းသလား."

"လေလွင့်တာမဟုတ်ပါဘူး မားရာ။ ကိုကို့ဆီ သွားတွေ့တာပါ."

"အေး အဲ့ဒါကိုပဲ ပြောချင်နေတာ။ မိဘထက်တောင် ပိုတွေ့ချင်နေတာလား။ ဒီအမေက ကိုယ့်သားလေးကို အရင်ဆုံး တွေ့ခွင့် မရဘူးလား."

"အခုတွေ့ရပြီပဲ မား ရဲ့."

သားအမိ ၂ ယောက် အပြန်အလှန်ပြောနေကြတာကို ရှောင်းပါးပါးကကြည့်ပြီး

"ကဲပါကွာ... အခုပြန်လာနေပြီပဲ မိန်းမရာ။ မင်း က လည်း..."

ရှောင်းမားမားက ခင်ပွန်းဖြစ်သူကို အလိုမကျသလို မျက်စောင်းဖြင့် လှမ်းကြည့်သည်။ သူမ မျှော်လင့်သည်က အဖေတစ်ယောက်အနေဖြင့် သားကို ပြောစေလိုခြင်း ဖြစ်သည်။ အခုတော့ ဒင်းကြီးက သူမကိုတောင် အပြစ်ဆိုချင်သလိုလို ပြောနေသေးသည်။

"ပါး... ကိုကိုတို့နဲ့ မတွေ့ဖြစ်ဘူးလား."

"တွေ့စရာ ဘာအကြောင်းရှိလို့လဲ။ အလုပ်လည်း ဆက်စပ်နေတာမဟုတ်ကွယ်."

ပါး က ပြန်ဖြေဖို့ ပါးစပ် ဟ ကာ ရှိသေး မား က ဝင်ဖြေသွားသည်။

"ပြီးခဲ့တဲ့ လ က သူတို့အမေနဲ့ Fresh Market မှာ တွေ့တယ်လေ။ တစ်ခြားအမျိုးသမီးတစ်ယောက်နဲ့ စကားများ ရန်ဖြစ်နေတာ။ အော်ကြီးဟစ်ကျယ်တွေဖြစ်လို့ ရှက်စရာကောင်းလွန်းတယ်။ သားကိုလည်း အဲ့လို မိသားစုမျိုးနဲ့ အလွန်အကျွံ မပတ်သက်စေချင်ဘူး...."

"မား... ကျွန်တော် ပင်ပန်းလာလို့ နားဦးမယ်။"

ရှောင်းကျန့်သည် မား ဆက်ပြောလာမည့်စကားတွေကို မကြားလိုတော့တာကြောင့် အပေါ်ထပ် အခန်းရှိရာသို့ တက်လာခဲ့လိုက်တော့သည်။

"ပြောစကားနားမထောင်တဲ့သားကို မွေးထားမိတယ်။ ငါ့ အပြစ်ပါ... ငါ့ အပြစ်ပါပဲ."

"မိန်းမရာ... သားက ငယ်ငယ်ကတည်းက အဲ့ဒီအိမ်မှာ စားအိမ်၊ သောက်အိမ်လို နေခဲ့တာ။ ငါတို့တွေ မအားကြတော့ အစ်မဝမ်ကပဲ သားကို အိမ်ခေါ်ထားပြီး စောင့်ရှောက်ပေးခဲ့တာလေကွာ။ ရိပေါ်လေးကလည်း သားကို ညီလေးလိုပဲ။ ငါတို့သားကို စောင့်ရှောက်ပေးခဲ့တဲ့ ဝမ်အိမ်ရဲ့ကျေးဇူး ရှိပါတယ်ကွာ။ သူတို့တွေ အဆင်မပြေတဲ့အချိန်မှာ စကားတွေကို နိုင့်ထက်စီးနင်း မပြောစမ်းပါနဲ့."

I Can't Count I Love You How MuchWhere stories live. Discover now