ICCILUHM 5

3.9K 400 15
                                    

Unicode

စိတ်တွေ မွန်းကြပ်နေတာကြောင့် 7/11 ကနေ စီးကရက်တစ်ဗူးဝယ်လာပြီး အပန်းဖြေကန်နံဘေးမှာ လာထိုင်နေမိသည်။ စီးကရက်တစ်လိပ်ကုန်လို့ နောက်တစ်လိပ် မီးညှိလိုက်သည်။ ခုထိ သူ့ရဲ့မွန်းကြပ်နေမှုတွေက မလျော့သွားသေး။

သူ့မှာ ထမင်းအိုးကွဲမှာကို ပိုပူနေရတာနဲ့ပင် ရှင်းနဲ့လမ်းခွဲခဲ့ပြီး အသည်းတောင် ဘယ်လိုကွဲသွားမှန်း မသိလိုက်ရပေ။ ပါး သာရှိနေရင် လို့ တွေးပြီးမှ အတွေးတွေကို ချက်ချင်းမောင်းထုတ်ပစ်လိုက်ရ သည်။

လွတ်မြောက်သွားပြီဖြစ်တဲ့ ပါးကို ပြန်လည်တမ်းတပြီး ဒုက္ခတွေအကြောင်း ရင်မဖွင့်လိုတော့ပြီ။ ပါး အေးအေးဆေးဆေး ရှိပါစေတော့။

ကိုယ်လွတ်ရုန်းသွားသည်လို့ ပါးကို အပြစ်မတင်ရက်ပါ။ လောင်းကစားကျေးကျွန်ဖြစ်ရင်း အကြွေးနွံထဲ နစ်သထက်နစ်နေတဲ့ မားကိုလည်း အပြစ်မဖို့ရက်ပြီ။ "ဆင်းရဲခြင်းဟာ အပြစ်တစ်ခုပဲ" ဟုသာ သူ ပုံချလိုက်တော့သည်။

ရှောင်းကျန့်သည် ကိုကို့ကို ငေးကြည့်နေရင်း ရင်ထဲမှာ နာကျင်လာသည်။ ခပ်ဖျော့ဖျော့ အလင်းအောက်၊ အမှောင်များတဲ့နေရာမှာ ထိုင်နေတာကြောင့် ကိုကို့ကို သေချာမမြင်ရပေ။ စီးကရက်မီးခိုးငွေ့တွေ တထောင်းထောင်း ထ နေတာကိုသာ ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ကိုကိုသည် ဆေးလိပ်၊ အရက်ကို ဘယ်တုန်းကမှ သောက်လေ့ရှိသူ မဟုတ်ပေ။ အခုတော့ ကိုကို့ကို ဒီလိုပုံစံမြင်ရတာ သူ့ရင်မှာ မချိပါ။ သူ ကိုကို့အနားကို ချဉ်းကပ်သွားလိုက်သည်။

"ကိုကို..."

"ဟင် ကျန့်..."

ကိုကိုသည် စီးကရက်ကို ကမန်းကတန်း မီးငြှိမ်းသတ်ရင်း သူ့ကို ခပ်လျလျလေး ပြုံးပြသည်။

"ဆောရီး ကျန့်..."

ကိုကိုက သူ့အနားဝဲနေတဲ့ စီးကရက်မီးခိုးတွေကို လက်နဲ့ ယက်ပြီး ဖယ်ထုတ်ပေးနေသည်။

"ရ တယ် ကို ကို။"

ကိုကို့ဘေးနား ကပ်လျက်မှာ ဝင်ထိုင်ရင်း ကိုကို့ကို ကြည့်နေမိသည်။ ကိုကိုက စိတ်နဲ့လူနဲ့မကပ်သလို ကန်ရေပြင်ကိုသာ အဓိပ္ပါယ်မဲ့ ငေးကြည့်နေသည်။ ကြည့်ပေမယ့် ကိုကိုဘာကိုမှ မမြင်ဘူးဆိုတာ သူ သိပါသည်။

I Can't Count I Love You How MuchWhere stories live. Discover now