Unicode
များပြားလှစွာသော လူတွေကြားမှာ ခေါင်းကိုက်လာတာကြောင့် ခွင့်တောင်းပြီး သီးသန့်နေရာတစ်ခု မှာ သွားရှောင်နေလိုက်သည်။ လက်ကနာရီကို ကြည့်မိတော့ ည ၇ နာရီခွဲတော့မည်။ ပါတီကို ရောက်နေတာ တစ်နာရီကျော်ပြီဖြစ်တာကြောင့် ပြန်သင့်ပြီလို့ တွေးနေမိသည်။
"Hi! Would you mind if I stay here?"
စကားဆိုလာသည့် အသံရှင်မိန်းကလေးဖက်ကို တစ်ချက်ငဲ့ကြည့်လိုက်တော့ Dinner Party ရဲ့ Host ဖြစ်တဲ့ ဟွေ့လူကြီးမင်းရဲ့သမီး ရီတာဟွေ့ ဖြစ်နေသည်။ ရီတာဟွေ့ကိုလည်း သူမမိဘတွေက ငယ်စဉ်ကတည်းက နိုင်ငံခြားပို့ပြီး ပညာသင်စေတာကြောင့် ပြန်ရောက်လာတဲ့ သမီးဖြစ်သူကို လုပ်ငန်းရှင်တွေနဲ့ မိတ်ဆက်ပွဲထုတ်ခြင်း ဖြစ်လေသည်။
"Not really. You can."
ရီတာဟွေ့က လှပသည့်ပါးချိုင့်လေးနှစ်ဖက်ပေါ်အောင် ပြုံးပြရင်း သူ့မျက်စောင်းထိုးက ခုံမှာ ဝင်ထိုင်သည်။
"တို့ ခုနကတည်းက You ကို သတိထားမိနေတာ။ နာရီကို ခဏခဏကြည့်နေလို့လေ။ ချိန်းထားတာ ရှိလို့များလား."
ရီတာက ဘယ်ဖက်ပေါင်ပေါ်ညာဖက်ပေါင်ကို တင်လို့ ထိုင်နေသည်။ ဘေးနားခွဲထားလို့ ဟ နေတဲ့ ဂါဝန်စကို အသာပြန်ဆွဲဖိရင်း လက်ထဲက ဝိုင်ခွက်ကို ဖြည်းဖြည်းချင်း သောက်နေလေသည်။
"ကျွန်တော်သွားစရာ ရှိနေလို့ပါ."
ရှောင်းကျန့်က စကားကို မယုတ်မလွန်ဖြေရင်း လူကြီးလူကောင်းဆန်စွာဖြင့် သူ့အကြည့်တွေကို ရီတာဆီ မပို့ဘဲ ပြတင်းတံခါးက မြင်နေရတဲ့ ခြံဝန်းထဲက ပန်းဥယျာဉ်ကိုသာ ငေးကြည့်နေလေသည်။
ရီတာက ခေါင်းလေးတစ်ညိမ့်ညိမ့်ဖြင့် သူမ ထင်တာ မှန်နေသည်ကို သဘောကျနေလေသည်။
"တို့နာမည် ရီတာဟွေ့ ပါ."
"ရှောင်းကျန့် ပါ."
ပါတီပွဲ စ ကတည်းက ရီတာဟွေ့ကို ဟွေ့လူကြီးမင်း မိတ်ဆက်ပေးလို့ သိထားပေမယ့် ကိုယ်တိုင်ပြန်လည် မိတ်ဆက်နေတဲ့ ရီတာကို သူက ယဉ်ကျေးစွာပဲ ပြန်လည်နှုတ်ဆက်လိုက်သည်။
YOU ARE READING
I Can't Count I Love You How Much
FanfictionUnicode သူ့ဘဝတစ်လျှောက်လုံးမှာ ကိုကို တစ်ယောက်ကိုသာ စူးနစ်စွာ ချစ်ခဲ့ဖူးကြောင်း သစ္စာဆိုပါသည်။ ကိုကိုချစ်ရသူကလည်း သူတစ်ယောက်တည်းသာဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ပါသည်။ Zawgyi သူ့ဘဝတစ်လျှောက်လုံးမှာ ကိုကို တစ်ယောက်ကိုသာ စူးနစ်စွာ ချစ်ခဲ့ဖူးကြောင်း သစ္စ...