Unicode
စိုးထိတ်နေတဲ့ ကိုကို့မျက်နှာလေးကို အုပ်မိုးကြည့်ရင်း နဖူးလေးနဲ့ ပါးပြင်လေးနှစ်ဖက်ကို အရင်နမ်းလိုက်သည်။ နှုတ်ခမ်းလေးတွေကို သူကြည့်နေတော့ ကိုကိုက မျက်နှာလွှဲသွားသည်။ ကိုကို့ရဲ့ လည်ပင်းသားလေးနဲ့ နားထင်စပ်တစ်လျှောက်ကို နမ်းရှိုက်ရင်း နှုတ်ခမ်းစွန်းလေးကို ဖွဖွလေး ထိလိုက်သည်။
ရိပေါ်သည် ခေါင်းအုံးထဲ ခေါင်းမြှုပ်ဝင်မတတ် အတင်းဖိဝှက်ထားမိသည်။ ဒီအခြေအနေကို တွေးထားပြီးသားပေမယ့် တကယ်ကြုံလာရတော့ မနေတတ်အောင် ဖြစ်ရသည်။
"ကို ကို."
အ့...
ရုတ်တရက် သူ့မျက်နှာကို ဆွဲလှည့်လိုက်ပြီး နှုတ်ခမ်းတွေကို ငုံထွေးလိုက်တာကြောင့် ရိပေါ်မှာ မျက်လုံးလေးတွေ ပြူးသွားရသည်။ ကျန့် ရင်ဘတ်ကို တွန်းထုတ်လိုက်ပေမယ့် နည်းနည်းလေးတောင် ရွေ့မသွားပေ။
ကျန့်က သူ့နှုတ်ခမ်းတွေကို တရှိုက်မက်မက်နမ်းနေရင်း တွန်းထုတ်နေတဲ့ သူ့လက်တွေကို လည်တိုင်ထက် တင်ပေးလိုက်သည်။ အခုအနေအထားက သူက ကျန့်လည်တိုင်ကို သွယ်ဖက်ထားသလို ဖြစ်နေရာ ရိပေါ်ကတော့ တော်တော်လေး ရှက်သွားပါသည်။
အနမ်းတွေက ရင်ဘတ်ဆီအထိ ဖြန့်ကျက်လာပြီး အင်္ကျီကြယ်သီးတွေကို တစ်လုံးချင်း ဖြုတ်နေသည်။ အောက်ပိုင်းအဝတ်တွေဆီ လက်အရောက်မှာ ရိပေါ်က အားနဲ့ အတင်းရုန်းရင်း
"ကျန့် ခဏ ခဏလေး... ကိုကို... ဒါ ဒါ ကို တော့... ဟို..."
"ဒီလိုညမျိုးမှာ ကိုကိုတို့ ညီအစ်ကိုလိုပဲအိပ်ရအောင်လို့တော့ မပြောနဲ့နော် ကိုကို."
ရိပေါ်ရဲ့ရုန်းကန်မှုတွေက အားလျော့သွားလေသည်။ ကျန့်က သူ့ခန္ဓာကိုယ်ကို ဖိချုပ်ထားပြီး မျက်နှာချင်းထိလုမတတ် သေချာ စူးစိုက်ကြည့်နေသည်။
တစ်ယောက်အသက်ရှူငွေ့တွေက တစ်ယောက်မျက်နှာကို ရိုက်ခတ်နေတဲ့အခါ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေက ပိုပူလာသလို ဖြစ်နေသည်။ ကျန့်ရဲ့အသက်ရှူသံပြင်းပြင်းတွေက သူ့လည်တိုင်ကို တိုးဝှေ့သည်။
YOU ARE READING
I Can't Count I Love You How Much
FanfictionUnicode သူ့ဘဝတစ်လျှောက်လုံးမှာ ကိုကို တစ်ယောက်ကိုသာ စူးနစ်စွာ ချစ်ခဲ့ဖူးကြောင်း သစ္စာဆိုပါသည်။ ကိုကိုချစ်ရသူကလည်း သူတစ်ယောက်တည်းသာဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ပါသည်။ Zawgyi သူ့ဘဝတစ်လျှောက်လုံးမှာ ကိုကို တစ်ယောက်ကိုသာ စူးနစ်စွာ ချစ်ခဲ့ဖူးကြောင်း သစ္စ...