ICCILUHM 7

4.2K 403 10
                                    

Unicode

"ကိုကို ဒီဖက်လှည့်."

ကျောပေးအိပ်နေတဲ့ သူ့ကို ဆွဲလှည့်လိုက်တာကြောင့် ရိပေါ်မှာ ဖက်အုံးတစ်ခုလို ဆွေ့ခနဲ ကျန့် ရင်ခွင်အောက် ရောက်သွားသည်။

"ကျန့်..."

ကျန့်ဆီက အရက်နံ့ကို ရလိုက်သည်။ အခုတလော အိမ်ပြန်ချိန်တွေ နောက်ကျနေသော ကျန့်သည် ဗွေဖောက်နေလေသလား သူ မတွေးရဲ။

နှုတ်ခမ်းတွေကို ခပ်ကြမ်းကြမ်း ပိတ်သိမ်းနမ်းရှိုက်လိုက်တာကြောင့် အသက်ရှူကြပ်လာသလို အရက်နံ့ကြောင့်လည်း လူက မူးဝေနောက်ကျိလာသည်။ ဇွတ်အတင်းတွန်းဖယ်ရင်း အိပ်ယာထက်က ကုန်းထဖို့ ပြင်တော့ ကျန့်က သူ့ကို ပြန်လို့ တွန်းလှဲချသည်။

"ကျန့်...."

အင်္ကျီအောက်ထဲတိုးဝင်လာတဲ့လက်တွေက အောက်ထိလျှောဆင်းသွားပြီး မျှော့ကြိုးဘောင်းဘီကို ဆွဲချွတ်ချနေသည်။

"ကျန့်... ဟင့် အင်း... ဒီ နေ့ ကိုကို စိတ်မပါဘူး."

ပြေးလွှားပွတ်သပ်နေတဲ့ ကျန့်ရဲ့လက်တွေက ငြိမ်သက်သွားသည်။ နောက် ခပ်ဟက်ဟက်ရယ်သည်။

"ကိုကိုက စိတ်ပါတဲ့နေ့ရော ရှိလို့လား."

"ဘယ် လို."

ကျန့်က သူ့အပေါ်ကနေ ဖယ်ခွါသွားသည်။ ရိပေါ်က ဘောင်းဘီကို ပြန်ဆွဲတင်ရင်း ကျန့်ကို နားမလည်သလို ကြည့်နေမိသည်။ ကျန့်ရဲ့မျက်နှာက အရက်ရှိန်ကြောင့်လား၊ ဒေါသကြောင့်လား အနည်းငယ် နီရဲနေသည်။

အိပ်ယာပေါ်ကဆင်းပြီး ထ ထွက်သွားဖို့ပြင်တဲ့ ကျန့်ကို သူ လှမ်းဆွဲထားလိုက်သည်။

"ဘယ် သွား မ လို့ လဲ ကျန့်"

"ကိုကိုပဲ စိတ်မပါဘူးဆို။ ရေချိုးခန်းထဲသွားမလို့."

သူ နှုတ်ဆိတ်စွာဖြင့် ကျန့်လက်ကိုသာ ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့နေမိသည်။ ကျန့်က သူ့လက်တွေကို ဆွဲဖယ်တော့ သူ လွှတ်မပေးဘဲ အတင်းပြန်ဆုပ်ထားသည်။

"ကိုကို တာဝန်ယူမှာလား။ တာဝန်မယူနိုင်ရင် ဖယ်တော့ ကိုကို."

"..."

သူ့လက်ကို တင်းတင်းဆွဲထားကာ ခေါင်းငုံ့လို့ နားရွက်ဖျားလေးတွေရဲပြီး ငြိမ်သက်နေတဲ့ ကိုကို့ကို သူကြည့်ရင်း စိတ်မထိန်းနိုင်တော့တာကြောင့် ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

I Can't Count I Love You How MuchWhere stories live. Discover now