Unicode
ချွေးစေးတွေပျံပြီး သူဖြတ်ခနဲ လန့်နိုးလာသည်။
"ကိုကို."
"ကျန့်... ဘာဖြစ်လို့လဲ။"
နံဘေးမှာ သူ့လက်တွေကို ကိုင်ထားရင်း သူ့အိပ်ယာပေါ် ခေါင်းတင်မှေးနေတဲ့ ကိုကိုက သူ့အသံကြောင့် ချက်ချင်းနိုးလာသည်။
"အိပ်မက်ဆိုးတွေ မက်လို့လား."
ခပ်မှိန်မှိန်လုပ်ထားတဲ့ မီးအလင်းရောင်ကို ပြန်ညှိရင်း ကိုကိုက သူ့ဘေးဝင်ထိုင်လို့ သူ့မျက်နှာကို သေချာကြည့်သည်။ သူ့မျက်နှာ လည်ပင်းတို့ကို ပွတ်သပ်ရင်း
"ချွေးတွေစိုရွှဲနေတာပဲ."
ကိုကိုက ထ သွားဖို့ ပြင်တော့ သူ ကိုကို့လက်ကို ဆွဲထားမိသည်။
"ကိုကို ဘယ်သွားမလို့လဲ."
ကိုကိုကရယ်ရင်း သူ့နှာခေါင်းကို အသာထိလို့
"ချွေးတွေအရမ်းထွက်နေတယ်မဟုတ်လား။ ပြန်အအေးပတ်မယ်လေ။ ရေပတ်တိုက်ပြီး အဝတ်လဲ ပေးမလို့ ရေချိုးခန်းထဲက ရေဇလုံသွားယူမလို့ပါ."
မြင်နေရတဲ့ ရေချိုးခန်းထဲ ဝင်သွားတာကိုပဲ သူ့မှာ ကိုကို့ကို စိတ်မချစွာ မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ ကြည့်ခဲ့ဖူးတဲ့ "You should have left" ဇာတ်ကားထဲမှာ အိမ်ထဲဝင်သွားပြီး ပြန်ထွက်မလာနိုင်ဘဲ ဝင်္ကပါထဲ လမ်းပျောက်နေတာကို သတိရတော့ ကိုကိုလည်း ပြန်ထွက် မလာမှာကို စိုးထိတ်နေမိသည်။
ရေဇလုံကိုင်ပြီး ပြန်ထွက်လာတဲ့ ကိုကို့ကို မြင်မှ သက်ပြင်းချရင်း ခေါင်းအုံးကို နောက်ကျောမှာထားပြီး မှီထိုင်လိုက်သည်။ သူ့တစ်ကိုယ်လုံးက ချွေးတွေကို ရေဝတ်နဲ့ သေချာသုတ်ပေးရင်း အဝတ်အသစ်ပြန်လဲပေးနေတဲ့ ကိုကို့ကို ငေးကြည့်နေမိသည်။
အိပ်မက်ထဲမှာ ကိုကိုနဲ့ရှင်းက ထီးတစ်ချောင်းကို အတူဆောင်းရင်း ကြည်နူးရယ်မြူးနေကြသည်တဲ့။ ကိုကိုက သူရပ်နေတာကို မြင်သော်လည်း လှည့်မကြည့်ဘဲ ကျောခိုင်းသွားခဲ့သည်။ သူ အသံတွေ ပြာမတတ် အော်ခေါ်တာတောင် ကိုကိုက တစ်ချက်မှ လှည့်မကြည့်ပါ တဲ့။
YOU ARE READING
I Can't Count I Love You How Much
FanfictionUnicode သူ့ဘဝတစ်လျှောက်လုံးမှာ ကိုကို တစ်ယောက်ကိုသာ စူးနစ်စွာ ချစ်ခဲ့ဖူးကြောင်း သစ္စာဆိုပါသည်။ ကိုကိုချစ်ရသူကလည်း သူတစ်ယောက်တည်းသာဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ပါသည်။ Zawgyi သူ့ဘဝတစ်လျှောက်လုံးမှာ ကိုကို တစ်ယောက်ကိုသာ စူးနစ်စွာ ချစ်ခဲ့ဖူးကြောင်း သစ္စ...