[Uni]
လျှို့ဝှက်ဥယျာဉ်မှူး
.............ကျောက်သင်ပုန်းနဲ့မြေဖြူတို့ပေါင်းစပ်ပြီးထွက်ပေါ်လာသောအသံများကိုလည်းစိတ်မဝင်စားလှပေ။
ကျောင်းဆင်းချိန်ကိုသာသက်ပြင်းချစောင့်ဆိုင်းကာ မျက်ခွံပေါ်ဝဲနေသည့်ဆံပင်တွေကိုမှုတ်ထုတ်နေမိသည်မှာအခါခါ။
ခြေထောက်ကိုဘယ်ညာလှုပ်ရမ်းနေရင်း လက်ပတ်နာရီကိုငုံ့ငုံ့ကြည့်နေရသည်ကိုလည်းစိတ်မရှည်တော့။
မေးကိုထောက်ထားရသောလက်ပင် အံသေနေလေပြီ။
...."ငါဒီနေ့ဝင်စရာရှိလို့ မင်းတို့ပဲသွားနှင့်ကြ"
အုန်းခွံရောင်ခပ်ပျော့ပျော့ဆံပင်တွေကမျက်ဝန်းညိုညိုတွေကိုဖုံးကွယ်ထားသည်။
အသေးစိတ်ထုဆစ်ထားသောပန်းပုရုပ်တစ်ရုပ်ကဲ့သို့ အချိုးတကျရှိနေသည့်မျက်နှာက ကြည့်ပျော်ရှုပျော်ရှိသည်ဆိုတာထက်ပိုလိမ့်မည်။
ကျစ်လစ်သောခန္ဓာကိုယ်နှင့် မြင့်မားသောအရပ်ကြောင့် အလယ်တန်းကျောင်းသားဟုယုံဖို့ရာခဲယဉ်းလှသည်။
တစ်ခါတစ်လေ သူ့ပုံစံကအတွေးတွေထဲနစ်မြုပ်နေဟန်ရှိပြီး ခုလိုကျောင်းဆင်းချိန်များ၌ အမြဲရွှင်လန်းနေတတ်၏။"ထယ်ယောင်းကတော့ လုပ်ပြန်ပြီကွာ ဒီနေ့သင်တန်းရှိတယ်လေ"
အတန်းဖော်တွေ၏ထိုစကားကိုကြားတော့ မျက်ဝန်းညိုညိုတွေကမျက်မှောင်ကျုံ့သည်။
"အရေးမပါပါဘူးကွာ"
.
.
.
စက်ဘီးခြေနင်းတွေကိုအလျင်အမြန်နင်းကာ
ဦးတည်ရာက ကမ္ဘာတစ်ခုဆီ။*****
စိမ်းစိုနေသည့်မြက်ခင်းပြင်တစ်လျှောက် မြင်ကွင်းတစ်ဆုံး ပန်းခင်းတွေနှင့်ပြည့်နက်နေသည့်နေရာ။
ဝက်သစ်ချပင်အိုကြီးအောက်ဝယ်စာအုပ်တစ်အုပ်နှင့် လဲလျောင်းကာ
စက်ဘီးလေးတစ်စီး ရှူးဖိနပ်လေးတစ်ရံ
ဘေးမှာအစီအရီ။
အုန်းခွံရောင်ဆံပင်တွေသည် မညီမညာဝေ့ဝဲနေသည်။
ပုံပြင်ကိုမျက်ဝန်းညိုညိုလေးတွေနှင့်စတင်ရင်း ထိုမျက်ဝန်းညိုတွေကမ္ဘာတည်သည့် အဏ္ဏဝါငယ်ဆိုသူကဒီပုံပြင်၏မဏ္ဍိုင်။ထိုအဏ္ဏဝါငယ်လေးသည်လည်းစက်ဘီးလေးတွန်းရင်းရောက်လာလေပြီ။
လေ့အဝှေ့တိုင်းမှာ လွင့်တက်သွားတတ်သည့် ခေါက်ဦးထုပ်လေးကိုလက်ကလေးတွေနှင့်အသာအယာထိန်းကာ၊ ခြေထောက်ရဲရဲလေးတွေကမြက်ပင်တွေကြားတစ်စတစ်စ လျင်လျင်မြန်မြန်ပင်။
ဂျုံနံ့အီအီလေးသည်လည်းတဖြည်းဖြည်းနီးကပ်လာရင်း မျက်ဝန်းပြာပြာလေးတွေကအရောင်လဲ့နေသည်။
ဟုတ်သည် လူမျိုးခြား ကပြားဖြူလေးမှာမျက်ဝန်းပြာပြာလေးတွေရှိသည်။
YOU ARE READING
Gardener of Little Blue Flower
Romanceတစ်ခါကဥယျာဉ်မှူးနဲ့ ပန်းပြာလေးတို့ရဲ့ပုံပြင်လေးရှိသတဲ့...။ တစ်ခါကဉယျာဉ်မှူးနဲ့ ပန်းပြာလေးတို့ရဲ့ပုံပြင်လေးရှိသတဲ့...။ by Lixfe_Agusvin & J