အခန်းသုံး

212 38 10
                                    

"ယျာဉ်မှူးကဒေါသကြီးတယ်
ပန်းပြာလေးနားမှာလိပ်ပြာတွေလာဝဲနေရင်တောင် မောင်းထုတ်သည်တဲ့လေ"
...

သန်းခေါင်ယံမှာအိမ်မက်ဆိုးတွေက‌နေ လန့်နိုးလာရတဲ့အခါပထမဆုံးတီးတိုး‌ရေရွတ်မိသည်က"အဏ္ဏဝါငယ်"။
မိုးလင်းလို့အသိစိတ်ကပ်သည့်အချိန်ကစလို့
ညည့်နက်အိမ်မက်တွေထဲထိအဆုံး ကယောင်ကတမ်းအဏ္ဏဝါငယ်ဆိုပြီးအော်ဟစ်၍လိုက်ရှာလို့ကောင်းတုန်း။

"အဏ္ဏဝါ ငါ့ရဲ့အလိုအပ်ဆုံး အဏ္ဏဝါငယ်လေးရယ်
ငါမင်းကိုလိုအပ်တာထပ်ကို ပိုပါတယ်"

ဝင်သက်ထွက်သက်တစ်ချက်စီတိုင်းမှာ အမြဲလိုပင်ကိန်းအောင်းနေသည့် မျက်ဝန်းပြာတွေကိုအနက်ရှိုင်းဆုံးနေရာမှစွဲလမ်းနေမိသည်က
....စကားလုံးများနဲ့ဖော်ပြလို့မရတဲ့အကြောင်းပြချက်တွေ။

***
ကျောင်းပိတ်‌ရက်တွေဆို မပြတ်တော့တဲ့သင်တန်းတွေနဲ့ရိုက်ကွင်းတွေကစက္ကန့်မခြား။
အမိန့်သံပါတဲ့ရာဇသံလိုလိုတွေ‌ဆီကခုထိတိုင် မရုန်းနိုင် မလွတ်နိုင်။
အချိန်တွေပိုပါစေ လက်ချိုးရေရင်း
အိမ်ရှေ့မှလူသံသဲ့သဲ့ကြားရတိုင်း ဟိုဆော့အမှတ်နဲ့ထထကြည့်ရသေးတာ။

မြေညီထပ်က‌နေပြီး သူကျွန်တော့်ကိုလက်ရမ်းနှုတ်ဆက်လိုက်ရင် ဆိုးဝါးတဲ့အရာတွေဆိုတာလည်းမရှိတော့ပါဘူး။
အတောင်တွေကမပျံသန်းနိုင်ရင်တောင် အဏ္ဏဝါချောက်ထဲခုန်ဆင်းကြည့်ချင်တယ်။
ဘယ်လောက်တောင် နစ်မြုပ်နိုင်မလဲပေါ့။

တီ.....!တီ.....!

အနောက်မှ ကျယ်လောင်သောကားဟွန်းတီးသံကိုကြားတော့ ကျွန်တော့်အတွေးတွေအဆက်ပြတ်သွားသည်။
ဘယ်လောက်တောင် အသိစိတ်မဲ့နေတယ်မသိ
သင်တန်းကိုသွားသည့်လမ်းကနေ ဈေးနားကိုပင်ရောက်မှန်းမသိရောက်လာပြီ။
ကျွန်တော်ချက်ချင်းစက်ဘီးကိုပြန်လှည့်လိုက်သည် ။
လူသွားလူလာအရမ်းများသည့်နေရာတွေဆိုမကြိုက်တတ်လှ။

"ထယ် ဘယ်ကလှည့်လာတာ"

ကြားချင်‌နေတဲ့စကားသံလေးရယ်ပါ။
‌မျက်စိရှေ့ကိုရောက်လာတဲ့ အပြာရောင်မျက်၀န်းလေးတွေက ပေကလပ် ပေကလပ်ဖြင့်။
နှာသီးဖျားလေးတွေရဲနေပြီး လက်သေးသေးလေးတွေဖြင့် ခြင်းအကြီးကြီးကိုမနိုင်မနင်းနဲ့သယ်ထားသည်။

Gardener of Little Blue FlowerWhere stories live. Discover now