အခန်းလေး

189 37 6
                                    

"ပန်းပြာလေးရဲ့အရိပ်အောက်
စိတ်ကူးယဉ်ကာခိုခိုဝင်မှလုံခြုံမယ့်
ယျာဉ်မှူးရဲ့ဖြစ်ခြင်းတွေ"
....

နေလုံးကြီးဆီမှနေရောင်ခြည်သည် ထူထဲစွာပိတ်နေသည့်အကိုင်းအခက်တွေအကြားမှမြေပြင်ပေါ်သို့မရမကသက်ဆင်းချင်‌နေသည့်ပုံ။

စပါးခင်းကို ဖြတ်သန်းလာသောလေပြေ‌အေးလေးမှတစ်ဆင့်သယ်ဆောင်‌လာသော ရနံ့သင်းသင်းလေးကလည်းစိတ်ကြည်နူးဖို့ကောင်းစွာ။

မိုးကုပ်စက်ဝိုင်းအောက်တွင် အဝေးမှမြင်နေရသောတောင်တန်းကြီးအားငေးရသည်ကအနုပညာ။
ပညာရှင်လေးကလည်းပုံပြောနေသေး၏။

ဟိုဆော့ပုခုံးပေါ် ကျွန်တော်အမှီပြုထားရင်း
သူ့ရဲ့မျက်ဝန်းပြာလေးတွေပေါ်အ‌ခြေချထားမိတာတွေ။
ကျွန်တော့်ကမ္ဘာကိုအပြာရောင်‌တွေနှင့်ခြယ်သပြောင်းလဲခဲ့တဲ့အချိန်တွေ။
နေ့တိုင်းဘယ်တော့မှရိုးအီမသွားတဲ့ တေးသံငြိမ့်ငြိမ့်လေးအဖြစ်ဖြင့်သာ။

အနာဂတ်ကိုမသိချင်ဘူး အဏ္ဏဝါ။
ဒီလိုအချိန် ဒီလိုအခိုက်အတန့်‌လေးတွေမှာပဲ
အချိန်တွေကိုရပ်တန့်နေစေချင်တယ်။
ဘာလို့ဒီလိုတွေခံစားနေရတာကိုလည်း မသိချင်ဘူး အဏ္ဏဝါ။
သိဖို့လည်းမကြိုးစားချင်ဘူး။
ငါအတ္တကြီးချင်ကြီးနိုင်တယ် တစ်ကိုယ်ကောင်းဆန်တာလည်းဖြစ်နိုင်တယ် ဒါပေမယ့်ငါ့ကိုတော့ယုံပေးပါ အဏ္ဏဝါငယ်။

"ထယ်"

ဟိုဆော့က သူ့ပုခုံးပေါ်မှီနေတဲ့ကျွန်တော့်ဘက်ကိုလှည့်ကာ မျက်နှာကိုငုံ့ကြည့်လာသည်။

လျှပ်တစ်ပြက်မော့ကြည့်လိုက်တော့  အသည်းပုံနှုတ်ခမ်းရဲရဲလေးတွေနဲ့နီးကပ်လွန်းနေ၏။
လိပ်ပြာမလုံစွာ မျက်ဝန်းပြာတွေစီအကြည့်‌ရွှေ့ပြန်တော့လည်း အသိစိတ်တို့မကပ်တော့ပြန် အဏ္ဏဝါရယ်။
ထိုအခိုက်အတန့်မှာ ကျွန်တော်ဟာ အဏ္ဏဝါဝဲဂယက်မှာအရည်ပျော်ဝင်မယ့်
စက္ကူလှေအဖြစ် ပြောင်းလဲသွားရပြန်တယ်။

"ရှေ့....ရှေ့ကိုပဲကြည့်ပြောပါ ဟိုဆော့"

"ဘာဖြစ်လို့လဲ"

Gardener of Little Blue FlowerWhere stories live. Discover now