အခန်းရှစ်

174 38 10
                                    

"ဥယျာဉ်မှူးကပဲ ပြောင်းလဲသွားခဲ့တာလား
ဒါမှမဟုတ် ပန်းပြာလေးကပဲ‌ ပြောင်းလဲသွားတာလား"
***

ယိမ်းနွဲ့နေသည့်မြက်ပင်ရိုင်းတွေအကြား ခြေရာတွေကိုလိုက်ရှာကာ၊ အရိပ်‌ပါးလေးနောက်ပြေးလိုက်နေရင်း၊ အပြာရောင်မျက်ဝန်းတွေကလှည့်ကြည့်တော့ဖွဖွ‌လေးပြုံးမိသေးသည်။
လက်ဖဝါးတစ်‌ဖက်ကိုဆွဲကိုင်လိုက်တော့ ငှက်မွှေးတောင်တစ်ခုအားဖမ်းဆုပ်မိလိုက်သကဲ့သို့။
မြက်ရိုင်းရှည်တွေအလယ် ငှက်မွှေးတောင်တစ်ခုနှင့်အရူးလို။

"အဏ္ဏဝါငယ်!!!"

မျက်လုံးစဖွင့်ဖွင့်ခြင်း ပြင်းစွာရလိုက်သည့်ဆေးအနံ့တွေနှင့်အတူ မျက်နှာကြက်ဖြူဖြူတွေကနေရာယူနေသည်။
'ငါဆေးရုံရောက်နေတာပဲ'။
အကိုက်အခဲဝေဒနာထင်ကျန်နေသော ရင်ဘက်ကိုဆုပ်ကိုင်ကာ မျက်ရည်တွေကျလာရပြန်သည်။
နာကျင်ရသောဒဏ်ကြောင့်တော့မဟုတ်ပေ ဗလာပြင်တစ်ခုထဲတွင်လွင့်မြောနေရသလို ၊ အနက်ရှိုင်းဆုံးနေရာမှတစ်ခုခုကိုဆုံးရှုံးနေရသလို။

"ယား ထယ်ယောင်း နိုးလာပြီလား မင်းသက်သာရဲ့လား"

ဂန်ဒုံဂွန်းကမေးရင်းကုတင်ဘေးသို့ရောက်လာသည်။
ဒုတိယအကြိမ်ကျွန်တော့်အပေါ်သို့သက်ရောက်နေသည့်စိုးရိမ်မှုမျက်ဝန်းတွေ။
ဒီလိုခံစားချက်မျိုး အဏ္ဏဝါငယ်ကလွဲပြီးတစ်ခြားဘယ်သူ့ဆီမှာမှမရဖူးခဲ့ဘူး။
မင်းဆီမှာလည်းရှိနေခဲ့တာပဲလား။

"ဆရာဝန်ကမင်းကို၂၄နာရီစောင့်ကြည့်ဖို့ပြောထားတာ။ ဒီမှာနေဖို့အဆောင်အခန်းအတွက်မပူနဲ့သိလား ငါအကုန်လုပ်ပြီးသွားပြီ။အခုမင်းလည်းသတိရလာပြီဆိုတော့ ငါဆရာဝန်သွားခေါ်ပေးမယ် ခန။"

*ငါဒီကြားထဲမင်းအပေါ်အထင်လွဲခဲ့မိတယ်ထင်တယ်*

"ကျေးဇူးပါ ဒုံဂွန်း"

"အင်း မသေသေးနဲ့အုံး မင်းနဲ့စကားများချင်သေးတယ် "

အဲ့ဒီနေ့ကစပြီး ဂန်ဒုံဂွန်းနဲ့အဆင်ပြေလာခဲ့ပြီး
အဏ္ဏဝါငယ်မပါသည့် နေ့ရက်တိုင်း ဂန်ဒုံဂွန်းကဘေးမှာရှိနေပေးသည်။
အစားထိုးခဲ့တာမျိုးမဟုတ်ပေမယ့် အတန်းဖော်သူငယ်ချင်းတစ်ယောက်အနေနဲ့အမြဲ ကျွန်တော်တစ်ယောက်ထဲတော့ဖြစ်မနေခဲ့ပါ။

Gardener of Little Blue FlowerWhere stories live. Discover now