အခန်းငါး

181 40 7
                                    

"ပန်းပြာလေးကငို‌တော့
ဥယျာဉ်မှူးကပြိုတယ်"
...

တရွေ့ရွေ့နှင့်ကုန်ဆုံးလာသည့် ရက်စွဲတွေကို ပြက္ခဒိန်စာရွက်တွေပေါ်သာအပြစ်ပုံချလို့ တစ်ရွက်ပြီးတစ်ရွက်ဆုတ်ဖြဲရင်း မျက်ဝန်းပြာတွေဆီသာ အလျှင်အမြန်အပြေးသွားချင်မိပြန်သည်။
မ‌တွေ့ရဖန်များလာတော့ ရင်မှာပူသည်။
စိတ်၏စေခိုင်းမှုကြောင့် စက်ဘီးခြေနင်းတွေကိုအလျှင်အမြန်‌ နင်း‌‌နေသောခြေထောက်တစ်စုံနှင့်အတူ အသက်ရှူသံပြင်းပြင်းတွေဟာကပ်ရပ်ပါလို့။
မင်းရှိတဲ့ရပ်ဝန်းတွေဆီ အပြေးအလွှားလိုက်‌လာနေမိတာ အဏ္ဏဝါ။

စောင့်နေမှာကို တထစ်ချသိနေသည့်အလား
ယုံကြည်မှုက ထူးပြီးတွေးစရာမလို။
နေမကောင်းသည့်ရက်တွေအတွင်း နေ့တိုင်းလာစောင့်နေမည့်ပုံ‌ရိပ်‌ငယ်လေးကိုတွေးမိလိုက်ရင်‚ ရင်ကိုကြေမွစေသည်။
ဂျုံခင်းတွေကိုကျော်လွန်၍ အနီရောင်ပုံရိပ်လေးကိုလှမ်းမြင်ရတာတောင် သက်ပြင်းရှည်ရှည်မချနိုင်သေး။
မသိစိတ်ရဲ့ပူပန်မှုတွေကလည်း မျက်ဝန်းပြာတွေကိုအနီးကပ်တွေ့မှ ပြေပျောက်ဟန်ရှိသည်။

မောင်းနင်းလာသောစက်ဘီးကို အလျှင်စလိုပင်ထောက်လိုက်သည်။
မြေကြီးပေါ် ပစ်လဲသွားသည့်စက်ဘီးကိုပြန်မထောက်အား သူ့ဆီအမြန်ရောက်ရန်သည်သာပထမဦးစားပေးဖြစ်နေ၏။
ဒီနေ့ရဲ့ခံစားချက်တွေက တကယ်ထူးဆန်းနေသည်ကား။
အယောင်ယောင်အမှားမှားနဲ့ထွက်လာခဲ့သောကြောင့် အင်္ကျီကြယ်သီးတွေပင်အစဉ်လိုက်ဖြစ်မ‌နေတာကိုလည်းသတိမပြုမိပေ။

တွေ့ဆုံပြန်တော့လည်း ထစ်အ နေသည့်စကားလုံးတွေကြား မျက်နှာချင်းမဆိုင်နိုင်လို့ခိုးခိုးငေးရသည်ကအခါခါ။

*သူဘာလို့စကားမပြောတာလဲ*

ဦးထုပ်လေးကိုလည်းဆောင်းထားမြဲ။
ခပ်ရှည်ရှည်မျက်တောင်စိတ်လေးတွေ‌ယှက်လို့ဖုံးအုပ်ထားတဲ့ မျက်ဝန်းပြာလေးတွေကကျွန်တော့်ဆီရောက်မလာဘူး။
ဆူပုတ်နေတဲ့မျက်နှာလေးက မေးခွန်းများစွာကိုသိုဝှက်ကာ စကားမပြောဘဲကျောပေး‌ထိုင်နေသည်မှာ အတော်ကြာကြာ။

Gardener of Little Blue FlowerWhere stories live. Discover now