အခန်းခုနစ်

156 33 7
                                    

"အချိန်လေးတစ်ခုနောက်ပြန်ပြီးများတွေးတောခဲ့ရင် ပထမဆုံးစချစ်သူဟာပန်းပြာလေးဖြစ်ကြောင်း ဥယျာဉ်မှူးသိပါလေစ"
***

ကမ္ဘာ့မြေကြီးသည်ဆွဲအားများစွာသက်ရောက်နေသည့်အလား လှမ်းလိုက်တိုင်းတွင်လွန်စွာလေးလံ‌ နေသောခြေထောက်‌တွေ၏ ခြေလှမ်းများက နီကျင့်ကျင့်မြေနီလမ်းထက်မှာတရီးတယိုင်။
ဘူတာရုံကိုကျောခိုင်းကာ ဥဩသံဆွဲနှင့်အတူထွက်သွားသည့်ရထားကိုဆက်မကြည့်နိုင်‌တော့ပေ။

အနည်းငယ်မျှပွန်းနေသော ဒူးထက်တစ်နေရာနှင့်အတူ စက်ဘီးလက်ကိုင်လေးက လူကိုလဲကျမသွား‌စေရန် အထောက်အကူပေးနေသည်။

"ထယ်သိလား ဟိုဆော့က ထယ်မရှိတဲ့ကမ္ဘာကိုစိတ်တောင်မကူးကြည့်ဖူးဘူး"

ခြောက်ကပ်နေသည့်ကွင်းပြင်အလယ်မှာတစ်ယောက်ထည်းမှင်သက်စွာရပ်နေရင်း
မမှီမကမ်းပုံရိပ်တွေကလည်း နေရာအနှံ့မှာပင်။

ပါးပြင်ထက်ရှပ်ပြေး နစ်ဝင်သွားသည့်နှုတ်ခမ်းပါးထက်က အနမ်းတစ်ပွင့်ကလည်းနှုတ်ဆက်ဖို့သက်သက်ဖြစ်တည်ခဲ့တာမို့ အထွေအထူးသိမ်းထားချင်စရာတော့ကောင်းမနေခဲ့။

သတိရတာကို သတိရတယ်လို့မဖွင့်ဟဘဲ။
"မသွားပါနဲ့" အင်္ကျီစကိုဆွဲ "ထယ့်အရိပ်လေးဖြစ်ချင်တယ်" တဲ့။
လက်ညိုးထိုးမလွဲအမှတ်တရတွေသည် တသီကြီး။

ကောင်းကင်ကြီးကပါစတင်ငိုကြွေးလာတော့ မြေပြင်‌ပေါ်ကလူမှာအရူးမီးဝိုင်းရသလို။
အငြိုးအတေး‌တွေနှင့်ရွာချနေသည့်အလားမိုး‌‌ကိုအံ့တုရင်း
နေမကောင်းဖြစ်ရင် အပြေးလာတွေးမယ့်မျက်နှာ‌လေးကိုထပ်မံမြင်ရမလားဆိုသည့် မျှော်လင့်ချက်ရေးရေးလေးကိုဆုပ်ကိုင်လို့ ခြေတစ်ဖဝါးတောင်မကြွနိုင်ခဲ့ဘူး။

"နာကျင်တယ် ထယ်"

နွားနို့ထည့်တဲ့သစ်သားပုံးလေးကို ကိုယ်မှာလွယ် ထယ့်အိမ်ရှေ့ရောက်ရင် ထယ်ရှိမရှိ ခိုးကြည့်ရသေးတဲ့ကာလလေးရယ်။

ထယ်ကျောင်းဆင်းလာမယ့်အချိန်ကိုသာတွေးစောင့်နေရပြီး ကွင်းပြင်အလယ်မှာပုံပြင်တွေစု ထယ့်ကိုပြောပြဖို့အတွက်ခဲထားရတဲ့အစုအဝေးလေးတွေရယ်။

Gardener of Little Blue FlowerWhere stories live. Discover now