မင်းနဲ့အနီးဆုံးမှာရှိနေပေမယ့်လည်း ငါအရင်လိုရင်တွေခုန်မနေဘူး ထယ်။
အေးစက်စက်နှလုံးခုန်သံတွေကြား မျက်တောင်ရှည်အောက်က စူးရှတဲ့မျက်ဝန်းညိုညိုတွေကို ကြည့်ပြန်တော့လည် ထယ်ယောင်းတစ်ယောက် ဘာတွေတွေးနေသည်ကိုမဖတ်နိုင်ဘဲ။
ငါ့ရှေ့ကမင်းက သူစိမ်းတစ်ယောက်သာသာ။
ဖျက်မရတဲ့မှတ်ဉာဏ်တွေကြားမှာ ကျန်နေရစ်ရုံမျှသာ။*******
"ဒါဆို ခုကစပြီးဆိုင်အောင်လုပ်လိုက်ရင်ဖြစ်တယ်မလား"
"ဘာ...."
ချက်ချင်းဆိုသလို နှုတ်ခမ်းပါးတစ်စုံသည် ကပ်တွယ်လာသည်။
ဖိချည်၊ခွာချည် အသက်ရှုသံခပ်မျှင်းမျှင်းတွေနောက် မရုန်းမိစွာကြောင်အနေသည်က ရူးသွားခြင်းတစ်မျိုး။
မုန်းလိုက်တာ ဆိုတာ။
ငါ့ကိုထပ်ချည်ချင်နေတာ။"-ျီး!!"
အားထည့်ကာ တွန်းလိုက်တော့ မျက်မှန်သည်လည်း ဘေးဘက်သို့ လွှင့်ထွက်သွားကာ မြေပြင်ထက် လဲကျသွားသောသူကို စိတ်ရှိလက်ရှိထိုးကြိတ်နေမိသည်။
မည့်သည့်တုန့်ပြန်မှုမျှမပြုလုပ်သည့် ထိုမျက်၀န်းညိုတွေက ဒေါသထွက်သည့်အရိပ်အယောင်တောင်မရှိပဲ စူးစိုက်ကြည့်နေပြန်သည်။"ပြန်ထိုးလေ ပြန်ထိုးစမ်းပါ ဟေ့ရောင်မင်းယောကျာ်းမဟုတ်ဘူးလား ဟမ် "
ပြောနေသည်အား နားမလည်သည့်အလား သွေးထွက်နေသောနှုတ်ခမ်းဖြင့် ပြုံး၍ပင်ကြည့်လာပြန်သည်။
ဒီအတိုင်းသာဆို ကြာရင်ဒေါသထွက်လွန်းလို့ ရူးတော့မှာပဲ။
သူ့မျက်နှာတစ်ပြင်လုံးရစရာမရှိတော့အောင်ထိုးပစ်ချင်ပေမယ့် မသိစိတ်တစ်နေရာကဆက်လက်ခွင့်မပြုတော့ပေ။
ဆုပ်ကိုင်ထားသောအင်္ကျီကော်လံအား ဖြေလျှော့လိုက်ပြီးမတ်တပ်ရပ်ကာ...."ခုချက်ချင်းထွက်သွားတော့ ကင်မ်ထယ်ယောင်း မင်းမျက်နှာကိုထပ်မမြင်ချင်ဘူး"
လဲကျနေရာမှထလာပြီးဘေး၌ကျနေသောမျက်မှန်အားပြန်ကောက်တပ်ကာ ကိုယ်ပေါ်မှဖုန်မှုန်များကိုခါရင်း သူသည်..
"ငါမင်းဆီကနေ ထပ်ထွက်မသွားနိုင်ဘူး
ဒီတစ်ခေါက်တော့ မင်းကိုအဆုံးရှုံးခံတော့မှာမဟုတ်ဘူး မင်းစိတ်ကြိုက်ထိုးချင်လည်းဖြစ်တယ် ငါမင်းနားကနေတစ်ဖဝါးတောင်မခွာနိုင်ဘူး ဟိုဆော့"
YOU ARE READING
Gardener of Little Blue Flower
Romanceတစ်ခါကဥယျာဉ်မှူးနဲ့ ပန်းပြာလေးတို့ရဲ့ပုံပြင်လေးရှိသတဲ့...။ တစ်ခါကဉယျာဉ်မှူးနဲ့ ပန်းပြာလေးတို့ရဲ့ပုံပြင်လေးရှိသတဲ့...။ by Lixfe_Agusvin & J