အခန်းကိုး

135 33 7
                                    

အရှိန်ပြင်းစွာမောင်းနင်းလာသောဆိုင်ကယ်စက်သံက အိမ်တစ်အိမ်ရှေ့ အရောက်၌တိခနက် ရပ်ကျသွားသည်။

ကပ်စီးစီးဖြစ်နေသော သွေးစများသည်လက်ဖမိုးပြင်၌ပေပွနေကာ ခက်ထန်နေသောမျက်နှာဖုံးကိုခွာချကာနူးညံ့သွား‌ သည့်မျက်နှာ။
ကျောပြင်ကျယ်တစ်ချပ်အားမြင်မှ ဒီလူဟာစိတ်အေးရသလို။
တစ်မျိုးတစ်ဖုံအကျိုးသက်ရောက်သော ဒေါသပြေဆေးသည်..

"သူပြန်လာပြီ နမ်ဂျွန်း"

ဖတ်လက်စ စာအုပ်ကို လက်မှချကာမျက်ခုံးပင့်၍ လှည့်ကြည့်လာရင်း  ပြုံးယောင်သန်းနေသည့် နှုတ်ခမ်းပါးတွေက အေးချမ်းသည်။

"ဘယ်သူလဲ"

"ကင်မ်ထယ်ယောင်း"

နာမည်ကိုတစ်ခါရွတ်ရတိုင်း နှလုံးသားကတစ်ခါနာပြန်သည်။
နေသားကျသွားပြီဖြစ်တဲ့ခံစားချက်တွေကို သူကတုတ်တစ်ချောင်းနဲ့လာမွှေနေသလို။

"ကင်မ်ထယ်ယောင်း??"

နမ်ဂျွန်းမျက်လုံးတွေကျယ်သွားသည်။
နှစ်တွေအတော်ကြာမှ ဟိုဆော့ဆီကဒီနာမည်ထပ်ထွက်လာတာဖြစ်သောကြောင့်ပင်။

အမြဲတမ်းသူ့ရှေ့အော်ကာငိုနေတတ်သည့်မျက်ဝန်းပြာတွေ။
"ထယ်"ဆိုသည့် အမည်နာမအား ပါးစပ်မှမချ ပြောကာ ဂေဟာမှာတောင်ထိန်းမရပြုမရဖြစ်ခဲ့သေးတာ။
အချင်းချင်းသိကျွမ်းအချိန်မှစ ခုထိ တစ်ဖြည်းဖြည်းပြောင်းလဲလာတဲ့ဟိုဆော့စိတ်ကိုသူသိသည်။

ခုလည်း တွေတွေကြီးထိုင်ကာ စကားထပ်ပြောမလာတော့ပေ။

"ခုသူ့ဆီကထွက်ပြေးလာခဲ့တာပေါ့"

"ငါသူ့မျက်နှာကိုမမြင်ချင်ဘူးကွာ... အဲ့ကြောင့်"

"မင်းသူ့ကိုချစ်နေသေးတာလား"

"မေ့ပြစ်ထားတာ"

"အေးပါ ငါဒီလောက်ဆိုနားလည်ပါပြီ "

"ငါအိမ်မပြန်ချင်တော့ဘူး ဂျွန်း ငါ့ကို‌ခေါက်ဆွဲပြုတ် ကျွေးပါ့လား"

"မကျွေးဘူး"

ဟိုဆော့ကအပြောင်းအလဲမြန်တတ်သေးသည်။
မျက်လုံးတွေကိုဝိုင်းကာ မကြာခင်ငိုတော့မည့်မျက်နှာပေးဖြင့် လုပ်နေပုံက နည်းနည်းမှချစ်စရာမကောင်းပေ။

Gardener of Little Blue FlowerWhere stories live. Discover now