"ရား ပတ်ခ်ဂျီဟွန်း မပြီးသေးဘူးလား"
"အေး ခဏလေးပါကွာ ပီးပီဟ"
ကျနော်တို့ ကျောင်းသို့ထွက်လာခဲ့ကြတယ်*ဂျီဟွန်းဆိုသူကတော့ ငယ်ငယ်တည်းကခင်လာတဲ့ သူငယ်ချင်းလည်းဖြစ် အိမ်နီးချင်းလည်း ဖြစ်တယ် သူ့အပြင်နောက်ထပ် နှယောက်ကျန်သေးတယ် သူတို့ကတော့
ကင်မ်ဂျွန်ကယူနဲ့ ယိုရှီနိုရီပါပဲ*ကျောင်းရောက်တော့
"ဟ မင်းတို့နှကောင်ကလည်းကြာလိုက်တာကွာ "
"အေးလေ ဘာလုပ်နေကြမှန်းမသိဝူး"
"ဟျောင့် တွေ ဂျီဟွန်း အိပ်ရာထ နောက်ကျနေလို့ပါကွ"
"ဘာလဲ မစောင့်နိုင်ဘူးလား"
"မအိပ်ပဲ တညလုံးဘာလုပ်နေကြလဲမှမသိတာ"
"မင်းတို့နော် ဆင်ခြင်ပြော"
"ကောင်လေးတယောက်အိုးမလုံးဖျင် ပွင့်နေပီဟေ့"
ပြောပီးတာနဲ့ ဂျွန်းကယူနဲ့ယိုရှီထပြေးလိုက်တာတန်းနေတာပဲ
ပတ်ဂျီဟွန်း လက်ချက်မမိ အောင်ပေါ့ ဟွန်းဆော့ကတော့ပြုံးပီး နောက်က လိုက်လာတာပေါ့စာသင်ပြီး
စာသင်ခန်းထဲက အထွက်
"မင်းတို့ ဘာမှလုပ်စရာမရှိရင် ငါ့နဲ့လိုက်ခဲ့ပါလား"
"ဘယ်ကိုလဲ "
"ငရဲပြည်"
"မင်းသွားလေ"
ယိုရှီနဲ့ ဂျွန်ကြီး ကိုက်နေကြပါပီ
"ကဲကဲ တော်ကြတော့ ဗိုက်ဆာလို့ပါကွာ မြန်မြန် လာစမ်းပါ"
ချွဲဟွန်းဆော့ တစ်ယောက်စားသောက်ဆိုင်သို့ပြေးသွားခဲ့သည်
"ရား ဟွန်းေဆော့ စောင့်အုံးလေကွာ"
သုံးယောက်လည်း ပြေးလိုက်ရသည်ပေါ့စားသောက်ဆိုင်တွင်
ထိုင်နေစဉ် စားပွဲထိုးမလေးတစ်ယောက်ရောက်လာသည်
လေးယောက်လုံးကချောတယ်မလား ဟွန်းေဆာ့ပဲ မဆိုရုံ သလောက် နဲနဲ ပု 🤒သည်လေ ဒါမဲ့ ဝိတ်တာမလေးက ဂျီဟွန်းဆီက နေ အကြည့်မခွာ ဆိုင်ထဲ စထိုင်တည်းက ဆိုပါတော့ ဒါကို သတိထားမိတာကတော့ ဟွန်းဆော့ပါပဲ*ဘာလဲဟအသံကလည်း မယားငယ်တုံးပိတဲ့အသံနဲ့ လုပ်နေတဲ့ပုံကစပ်စလူးကိုခါးနေတာပဲ $မြင်ကပ်လိုက်တာ*
(ဟွန်းဆော့ရဲ့ စိတ်ထဲက အသံတချို့)
"ရား ချွဲဟွန်းဆော့ " ဟွန်းဆော့ ပခုံးပေါ် အထိအတွေ့တခု ရုတ်တရက်ရောက်လာမှ အသိဝင်လေသည်
"အော် အင်း ဘာလဲ"
"ဘာဖြစ်ေနတာလဲ မင်းရုပ်က"
"ဘာမှမဖြစ်ပါဝူး လာကွာ ငါ ဗိုက်မဆာတော့ဘူး သွားနှင့်မယ်"
ရုတ်တရက်ထသွားသောဟွန်းဆော့ကိုကြောင်တောင်တောင်နဲ့ကြည့်နေကာ
"သူက ဘာလဲဟ "
"မင်းလိုပဲ စိတ်မမှန်တာနေမှာပေါ့ကွာ"
"ရား ကင်မ်ဂျွန်ကယူ မဖေါက်နဲ့နော်"
"ဖေါက်နေတာကမင်း"
"ကဲပါတော်ကြတော့ ပြန်ကြမယ်"
ပြန်ကြမယ်ပြောပြီးဆိုင်ထဲက ထွက်တာတောင်ဂျွန်းကြီးနဲ့ယိုရှီ နှကောင်သားသတ်လို့မပီးကြသေး
YOU ARE READING
The right to love(Completed)
Fanfiction"တချို့ဆုံးဖြတ်ချက်တွေက မင်းပျော်ရွှင်ဖို့ပါ ထုတ်မပြောနိုင်ခဲ့တာ ခွင့်လွှတ်ပါ ဂျီဟွန်းရား" "မင်းကတစ်ကိုယ်ကောင်းဆန်လွန်းတယ် ဟွန်းဆော့ မင်းမရှိလို့ ငါ့ဘဝရဲ့ တစိတ်တပိုင်းကကွက်လပ်ကြီး တစ်ခုလိုပဲ ခြောက်သွေ့လွန်းတယ်"