'ကျွီ'
"ပြန်လာပါပီ"
ရိုသေစွာပြောပြီးပြံုးနေတဲ့ ဂျီဟွန်းကို ဆိုဖာပေါ်မှာ ထိုင်နေတဲ့နှယောက်က လှည့်ကြည့်ကာ
"စိတ်ဖောက်ပြန်လာတာလား"
"သူငယ်ပြန်နေပီထင်တယ်"
"မင်းတို့ပြောချင်းတာပြောကြ ငါဒီနေ့ စိတ်ပျော်နေတယ်"
"သိသားပဲရွဲ့ပြောနေတာဟ"
"ငါအခုရေချိုးတော့မယ် "
ပြောပြီးထွက်သွားတဲ့ ဂျီဟွန်းကိုကြည့်ပြီး ယိုရှီနဲ့ဂျွန်ကယူ ခေါင်းခါနေမိသည်အခန်းထဲရောက်တော့
ကုတင်ပေါ်မှာ ကျောပေးအိပ်နေတဲ့ ဟွန်းဆော့ကိုတစ်ချက်ကြည့်ပြီး ရေချိုးခန်းထဲဝင်သွားသည်
ရေချိုးခန်းထဲက ထွက်လာပြီးခဏအကြာ
'နော ဆာရာငယ် ....'(စားပွဲပေါ်က ဖုန်းမြည်သံ)
ဟွန်းဆော့လည်း အိပ်နေပြီဆိုတော့ ဂျီဟွန်းလဲ ဖုန်းကို အပြင်ယူသွားသည်
"ယောဘိုဆယ်ယို "
"ဂျီးဟွန်းနား "
"ချယ်အွန်း ဘာကိစ္စရှိလို့လဲ"
"ဟိုလေ နင်တောင်းထားတဲ့အဖြေ မနက်ဖြန်ငါပေးမယ်လို့ အဲ့ဒါ"
"ဟင် တကယ်လား ငါ ဘယ်နေရာ လာခဲ့ရမလဲ "
"ကျောင်းနားက ကော်ဖီဆိုင်ပဲ လာခဲ့နော်"
"အင်း တာ့တာနော်"
ဖုန်းပြောလို့ပီးတော့အော်ပြီး ယိုရှီနဲ့ဂျွန်ကြီးကို သူအဖြေရတော့မယ်ဆိုတဲ့အကြောင်းပြောပြနေသည်တဖက်အခန်းကကြားရတဲ့အနေအထားမို့ အိပ်ချင်ယောင်ဆောင်နေတဲ့ ဟွန်းဆော့အတွက်တော့ မျက်ရည်တွေနဲ့ပြိုလဲနေမိတယ်ဆိုတာ ဘယ်သူသိမှာလဲ
____________________
မနက်အစောကြီးထပြီး ကျောင်းကိုထွက်သွားတာကတော့ ဟွန်းဆော့ပါ တညလုံးလည်း အိပ်မပျော်တာမို့ ကော်ဖီဆိုင် ဝင်ဖို့သာ ပြင်လိုက်တယ်
ကော်ဖီဆိုင်မှာ မထင်ထားတဲ့သူတယောက်
"မင်ချယ်အွန်း"
"ဟုတ်တယ်ငါပဲ"
"ဂျီဟွန်းနဲ့ချိန်းထားတာ မလား ခုကစောသေးတယ်လေ"
"နင့်ကိုအရင်တွေ့ချင်နေတာ"
"ဘာလို့"
"ဂျီဟွန်း ငါ့ဆီက အဖြေတောင်းထားတာ သိတယ်မလား"
"သိတယ်"
"ငါသူ့ကိုအဖြေပေးဖို့က နင့်အပေါ်မှာ မူတည်နေတယ်"
" ဘာ ဘယ်လို ဘာလို့ ငါလဲ"
"မေးခွန်းတွေများတယ် ဒီမှာချွဲဟွန်းဆော့ ငါ အရင်က နင့်ကြောင့် ငါအရမ်းလိုချင်တဲ့ဆုနဲ့ ငါသိက္ခာ ကို ဆုံးရှုံးခဲ့ရတယ် အေး အခု နင့်ရဲ့ အရေးပါဆုံးသူကို ငါလုယူပြမယ်"
"နင်ယုတ်မာလှချည်လား"
"ဟုတ်တယ် ငါက ယုတ်မာတယ် လိုရင်ပဲပြောမယ် နင် ဂျီဟွန်းကို သူငယ်ချင်းအဆင့်ကနေ ထုတ်လိုက်ပါ သူနဲ့ ဝေးဝေးမှာနေ အကုန်ပြောမယ်ဟာ လာမပတ်သက်နဲ့ အဲ့လိုမှမဟုတ်ရင် ပတ်ခ်ဂျီဟွန်းကို ခံစားရအောင် လုပ်ပြစ်မယ်"
"အိုခေလေ ကောင်းပီ ငါသူနဲ့မပတ်သက်တော့ဘူး အဝေးဆုံးမှာနေပေမယ် သူ့ကိုသာပျော်အောင်ထားပါ"
KAMU SEDANG MEMBACA
The right to love(Completed)
Fiksi Penggemar"တချို့ဆုံးဖြတ်ချက်တွေက မင်းပျော်ရွှင်ဖို့ပါ ထုတ်မပြောနိုင်ခဲ့တာ ခွင့်လွှတ်ပါ ဂျီဟွန်းရား" "မင်းကတစ်ကိုယ်ကောင်းဆန်လွန်းတယ် ဟွန်းဆော့ မင်းမရှိလို့ ငါ့ဘဝရဲ့ တစိတ်တပိုင်းကကွက်လပ်ကြီး တစ်ခုလိုပဲ ခြောက်သွေ့လွန်းတယ်"