ဟွန်းဆော့တစ်ယောက်မပြန်တာမို့ စိတ်ပူနေတဲ့ သူ့သူငယ်ချင်းတွေ ယိုရှီက မနေနိုင်လို့ဖုန်းဆက်ကြည့်တော့ ပထမတခါ မကိုင်ပေမယ့် ဒုတိယ တခါမှာတော့ ကောင်လေးတစ်ယောက် အသံကြားလိုက်ရတယ်
"နဲ ယော ဘိုဆယ်ယို"
"ချွဲဟွန်းဆော့ ဖုန်း ဟုတ်တယ်မလား"
"ဟုတ်ပါတယ်ဗျ အခုပြောနေတာကဘယ်သူ"
"ငါကမင်းကို မေးရမှာ မင်းကဘယ်သူလဲ ဘာကြောင့် သူများဖုန်းကို ကိုင်ရတာလဲ ဟွန်းဆော့အခု ဘယ်မှာလဲ"
"ဟေ့ ဟေ့ နေပါအုံး မေးခွန်းကများလှချည်လား ခများကဘယ်သူလဲ အရင်ဖြေလေ"
"အိုခေ ငါက သူ့သူငယ်ချင်း ကဲအခုမင်းဖြေတော့"
"ကျနော် ရှင်းပြရရင်ရှည်တယ် ကျနော့်ဆိုင်ကို လာခဲ့လိုက်မလား"
"ကောင်းပြီလေ လိပ်စာပြော"
"လိပ်စာက+-&-@#&-#@&-##"
"အိုခေ ခုလာခဲ့မယ်"
ဖုန်းပြောပီးပီးချင်းထထွက်သွားသူယိုရှီနောက်သို့ ကြောင်အမ်းအမ်းနဲ့လိုက်သွားသူဂျွန်ကြီးပါ
"ဟျောင့် ခု ဘယ်သွားနေတာလဲ "
"ဟွန်းဆော့ ကိုသွားခေါ်မလို့ လျှာမရှည်နဲ့ လိုက်ခဲ့"
___________________
'ဒုန်း'(တံခါးဖွင့်သံ)
ဆိုင်ထဲက ဝန်ထမ်းတချို့လန့်သွားကြသည် ဝန်ထမ်းထဲက တယောက်က ဘာ ကူညီပေးရမလဲမေးတော့
"ငါမင်းတို့ဆိုင်ရှင်နဲ့တွေ့ချင်တယ်"
"ကျနော်တို့ ဘာအမှားလုပ်မိလို့လဲဗျ"
"ငါ့ကိစ္စနဲ့ပါ မင်းတို့ သူဌေးဘယ်မှာလဲ"
"အာ ဟုတ်ကဲ့ ကျနော်နဲ့လိုက်ခဲ့ပါဗျ"
'ဒေါက် ဒေါက်'
"သူဌေး ခမျ ဧည့်...."
စကားမဆုံးသေးဝူး ဝင်လာတဲ့ ယိုရှီ
ဒိုယောင်း ခေါင်းငြိမ့်ပြမှ ဝန်ထမ်းလည်းအခန်းထဲက ထွက်သွားသည်
"ဟွန်းဆော့ဘယ်မှာလဲ"
"အေးဆေးပေါ့ထိုင်ပါအုံး"
"ငါတော့မအေးဆေးနိုင်ဘူး"
ဂျွန်ကယူတယောက် ယိုရှီနောက်မမှီတော့တာကြောင့် အမြန်ပြေးလိုက်ရသည် ဒိုယောင်းရုံးခန်းရောက်တော့ ဟူးဟဲဟူးဟဲနဲ့ အမောတကောဖြစ်နေသည်
"ခဏခဏ နေပါအုံးကွာ ငါတော့ မောတယ်ကွ"
"မင်းမောရင်နေခဲ့ ဒီမှာ ငါအချိန်မရှိဝူး"
"ဟုတ်ပါပီ ဟွန်းဆော့ကီးhyungက ကျနော် ရုံးခန်းဘေးက အိပ်ခန်းထဲမှာရှိပါတယ်"
"နေပါအုံး မင်းကသူ့ကို ဘယ်လိုသိတာလဲ"
"အာမေ့နေတာကျနော့်ဆိုင်မှာ လာသောက်ရင်းခင်ကြတာပါ"
"အင်း ပီးတာပဲ မင်းသူ့ကို ဘာမှမလုပ်ဘူးမလား"
"ရား မင်းဘာတေမေးနေတာလဲ"
တိုးတိုးကပ်ပြောလာသော ဂျွန်ကယူရယ်ပါ
"ဘာမှမလုပ်ရပါဝူး ဒီဘက် hyungလည်းမောနေတယ်
ဆိုတော့ ကျနော် အအေးမှာလိုက်မယ်နော် ဘာသောက်ကြမလဲ"
"အဆင်ပြေတာပဲလုပ်ပါ"
"ငါ့အတွက်မမှာနဲ့ မသောက်ချင်ဝူး"
"ကျနော်ဧည့်ခံတာပါ သောက်ပါဗျ
ညီလေးရေ juice 2ခွက်လောက် လာပို့ပါအုံး"
ဒိုယောင်းဖုန်းဆက်ပီးမှာလိုက်တယ်
"ကျနော့်နာမည် ဒိုယောင်းပါ ကင်မ်ဒိုယောင်း ဒီက "
"Hyungနာမည်က ကင်မ်ဂျွန်ကယူ သူကတော့ ယိုရှီနိုရီ"
"ဟျောင့် ငါမင်းကို မိတ်ဆက်ခိုင်းနေလို့လား"
"သူက မေးနေတာကို"
"မင်းကလျှာကိုရှည်တယ်"
'ဒေါက် ဒေါက်'
"ဝင်ခဲ့ပါ"
"သူဌေး juice"
"အော်အေး ချခဲ့လိုက်"
YOU ARE READING
The right to love(Completed)
Fanfiction"တချို့ဆုံးဖြတ်ချက်တွေက မင်းပျော်ရွှင်ဖို့ပါ ထုတ်မပြောနိုင်ခဲ့တာ ခွင့်လွှတ်ပါ ဂျီဟွန်းရား" "မင်းကတစ်ကိုယ်ကောင်းဆန်လွန်းတယ် ဟွန်းဆော့ မင်းမရှိလို့ ငါ့ဘဝရဲ့ တစိတ်တပိုင်းကကွက်လပ်ကြီး တစ်ခုလိုပဲ ခြောက်သွေ့လွန်းတယ်"