ခံစားချက်ကို ရပ်တန့်ရမယ်

257 36 23
                                        

မနက်မိုးလင်းတော့
ဂျီဟွန်းတစ်ယောက်ကုတင်ဘေးကို ကြည့်ကာ

*ဟွန်းဆော့ ကပြန်မလာတာလား ဒါမှမဟုတ်စော"ထွက်သွားတာလား*

ရေချိုးပြီးကျောင်းသွားဖို့ ပြင်နေတုန်း အတွေးတစ်ခု
*မနက်တိုင်းနှိုးပေးနေကြ အသံ မကြားရတော့ လစ်ဟာ နေသလိုပဲ*

အခန်းအပြင်အထွက် ဟိုနှယောက်နဲ့ တွေ့တော့
"ဂျီဟွန်း မင်းကစောစောနိုးလို့ပါလားကွ"
"အင်း မနေ့ညက ဟွန်းဆော့ ပြန်လာရဲ့လား"
"အင်း ထင်တာပဲ ငါ မသိဝူး ယိုရှီမင်းရော"
"ငါလည်း သတိမထားမိဝူး ထားပါ တော့ ကျောင်းကျရင်တွေ့မှာပဲ"

ပြောပြောဆိုဆို နဲ့ ကျောင်းကိုရောက်လာကြတယ်
"ကန်တင်းသွားကြမလား"
"ကောင်းသားပဲ ဗိုက်ဆာနေပြီ "
ကန်တင်းရောက်တော့
"ဟျောင့် ဂျီဟွန်း ဟိုမှာ"
"ဘာလဲကွာ "
"ရား သေချာကြည့် ချယ်အွန်းလေ ကွာ"
"တိုက်ဆိုင်လိုက်တာ ငါသူနဲ့ခင်ချင်တယ်"
"ကို့ဘာသာ သွားပြောပါလား"
"ဂျွန်ကယူ ရာလုပ်ပါကွာနော်"
"အမယ် ဆုတောင်းလိုက် မကူညီဝူး"
ယိုရှီဘက် မျက်လုံးဝေ့ကြည့်လိုက်တော့
"ကြည့်မနေနဲ့ ငါ လည်း နိုးပဲ"
"မင်းတို့ကောင်တွေ လုပ်ထားအုံးပေါ့ကွာ"
ပြောပြီး မင်ချယ်အွန်းတို့ ထိုင်တဲ့ ဝိုင်းကို ဦးတည် လာတယ်
အနားရောက်တော့
"ချယ်အွန်း ဟုတ်တယ်မလား"
"ဟုတ်ပါတယ် ရှင်က အားသိပီး ပတ်ဂျီဟွန်းမလား"
"ကျနော့်ကို ဘယ်လို.....!"
"ရှင်က နဲနဲနာမည်ကြီးနေတော့"
"မဟုတ်ပါဝူးဗျာ တူတူထိုင်လို့ရတယ်မလား"
"ရပါတယ် ရှင့်ဘော်ဒါတွေရော"
"သူတို့က မအားလို့လေ"
တယောက်နဲ့တယောက် ရီစရာတွေ ပြောပြီး ပြုံးပျော်နေကြတုန်း တိုက်"ဆိုင်" ဟွန်းဆော့တွေ့သွားသည်
ထိုမြင်ကွင်းက သူ့အတွက် ကြည့်ရတာ အဆင်မပြေလို့ လှည့်ထွက်သွားတယ် အတန်းလည်း မတတ် ကွန်ဒိုကိုလည်း မပြန် ဟန်မြစ်ရဲ့ဘေးက ခုံတန်းရှည်တစ်ခုမှာသာ ထိုင်နေလိုက်သည် တလမ်းလုံးလဲ ထိုမြင်ကွင်းက သူ့မျက်လုံးထဲက မထွက်ခဲ့
*ဘာလို့ ဘာလို့ အဲ့ပုံရိပ်တွေက ငါ့ မျက်လုံးထဲက မထွက်ရတာလဲ ဘာလို့လဲ ငါကရော ဘာလို့ တဆစ်ဆစ်နာကျင်နေရတာလဲ*
"အား.......ဘာလို့ ငါ့ကျမှလဲကွာ ဘာလို့လဲ"

The right to love(Completed)حيث تعيش القصص. اكتشف الآن