Part 1

21.6K 459 18
                                    

Unicode

ယွန်းဝင့်လွှာ..။ သူမကို လူတွေက ဘယ်လိုမြင်ကြလဲ? သူမရဲ့ လူနာတွေအတွက်တော့ စေတနာ စစ်မှန်ပြီး ထူးချွန်တဲ့ ဆရာဝန်မကောင်းတစ်ယောက်..။ ပတ်ဝန်းကျင်ရဲ့ အမြင်မှာတော့ ချောမောဆွဲဆောင်မှုရှိလှတဲ့ ခပ်ချေချေ မိန်းမငယ်လေးတစ်ယောက်။ လုပ်ဖော်ကိုင်ဖက်တွေ ကြားထဲမှာတော့ တိကျလွန်းပြီးသွေးအေးတဲ့ မိန်းမတစ်ယောက်။ မိဘတွေအတွက်တော့ မိသားစုဂုဏ်ကို ဖျက်ဆီးပစ်တဲ့ လိင်တူချစ်သူသမီးတစ်ယောက်။ အဲဒါဆို သူမရဲ့ချစ်သူ စောလင်းနွယ်အတွက်ရော?

____________

ရန်ကုန်မြို့လယ်ခေါင်က အဆင့်မြင့်ကွန်ဒိုတိုက်ခန်းတစ်ခန်းမှာ မိန်းမငယ်လေးနှစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြတယ်။ စောလင်းနွယ်ဆိုတဲ့ အသားညိုညို ခပ်ပြည့်ပြည့် မိန်းကလေးက သူမရဲ့ချစ်သူ ယွန်းဝင့်လွှာကို ဖက်ထားနေခဲ့တာပေါ့။ နံနက်၆နာရီအထိုးမှာတော့

"ကလင်..ကလင်.."

နှိုးစက်ထမြည်လာတာကြောင့် ဝင့်လွှာတစ်ယောက် အိပ်ရာမှထလာခဲ့တယ်။ အကြောတွေဘာတွေဆန့်နေရင်း ဘေးနားက ချစ်သူ မမစောကို ကြည့်မိခဲ့သေးတယ်။ ပဟေဠိဆန်ဆန် မျက်ဝန်းတွေနဲ့ပေါ့။

အချိန်ဆွဲမနေတော့တဲ့ ဝင့်လွှာလည်း အလုပ်သွားဖို့ ခပ်သွက်သွက် ပြင်ဆင်လေတော့တယ်။ ဆေးရုံအုပ်ကြီးက US ကို မသွားခင် ဒီနေ့နံနက်စောစော meeting လုပ်ချင်တယ်ဆိုတာကြောင့်ပင်။ အလုပ်က မကြိုးစားလို့လည်း မဖြစ်ဘူးလေ။ တစ်လကို သိန်း၅၀လောက်အထိ ဝင်ငွေရတာကိုး..။ ဒါတောင် ဝင့်လွှာက အတွေ့အကြုံနုနယ်သေးတဲ့ ဆရာဝန်ပေါက်စတစ်ယောက်။ ဒါတွေအားလုံးကလည်း ဆေးရုံအုပ်ကြီး ဒေါ်ယဉ်ယဉ်ရဲ့ ကျေးဇူးကြောင့်..။

ဝင့်လွှာ ဆေးကျောင်း တတိယနှစ် 3rd MB နှစ်မှာပဲ lesbian တစ်ယောက်ဖြစ်မှန်း အိမ်က သိသွားခဲ့တယ်။ စတာကတော့ မိဘတွေက သူမကို သူဌေးသားတစ်ယောက်နဲ့ စေ့စပ်ပေးဖို့ ကြိုးစားခဲ့ရာကပဲ။ အဲတုန်းက ဝင့်လွှာမှာ ချစ်သူတွေ ဘာတွေတောင် ရှိသေးခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ LGBT ဆိုတဲ့ ဖြစ်တည်မှုကြောင့် ရှေးရိုးစွဲတဲ့ မိသားစုနဲ့ အကြီးအကျယ် စကားများပြီး အိမ်ပေါ်ကနေ မောင်းချခံလိုက်ရတယ်။

ချစ်လှစွာသော မုန်းWhere stories live. Discover now