Part 20

3.1K 148 6
                                    

Unicode

ည၁၁နာရီထိုးသွားခဲ့ပါပြီ။

ဝင့်လွှာတစ်ယောက် ဖတ်စာအုပ် အပုံလိုက်ကြီးမှာ ခေါင်းအပ်စာလုပ်နေရင်း အချိန်အတော်လေးလင့်သွားခဲ့တယ်။ ဒီအချိန်ဆို မြန်မာပြည်မှာ နေ့လယ်လောက် ဖြစ်တာမို့ မိဘတွေဆီကို ဖုန်းဆက်လိုက်မိသေးတယ်။ အဖေ့နှလုံးရောဂါ အခြေအနေ ဘယ်လိုရှိလဲ သိဖို့ရယ်၊ ဒေါက်တာ မင်းဇေယျာတို့ ချစ်သူနှစ်ဦးအကြောင်း သိ/မသိ သိရှိရဖို့ရယ်ပေါ့။

အဲလိုနဲ့ပဲ အမေ ဒေါ်ယုဇနဝင်းနဲ့ မမျှော်လင့်ပဲ စကားအကြာကြီး ပြောလိုက်မိတယ်။ အမေက အလွမ်းတွေသယ်နေခဲ့ပေမဲ့ မိဘကြောင့်ရတဲ့ ဒဏ်ရာ မပျောက်သေးတဲ့ ဝင့်လွှာကတော့ အလိုက်အထိုက်ပဲ ပြန်လည်တုံ့ပြန်ခဲ့တယ်။ အဲဒီလို ပြောနေရင်းလည်း ရင်နင့်ဖွယ်ကောင်းတဲ့ ဒေါက်တာ မင်းဇေယျာရဲ့ ချစ်သူ ဒေါ်နှင်းဆီခင်အကြောင်း သိခွင့်ရလိုက်တယ်။

အဲဒီလိုနဲ့ ဖုန်းပြောရင်း အတွေးများရင်းပဲ အိပ်ဖို့ဆိုပြီး စာဖတ်ခန်းကနေ အိပ်ခန်းထဲ ဝင်ခဲ့ရာ ချစ်ရတဲ့ အမရာကတော့ Ipad ကို ဗိုက်ပေါ်တင်လျက် အိပ်လို့တောင်ပျော်နေပါပြီ။ အချိန်ကလည်း သန်းခေါင်ယံ ၁၂နာရီတောင် ကျော်ခဲ့ပြီလေ။

သူမကို စောင့်နေရင်း အိပ်ပျော်သွားရှာတဲ့ အမရာ့ကိုကြည့်ရင်း ဝင့်လွှာတစ်ယောက် အသာအယာ ပြုံးမိခဲ့တယ်။ အမရာ့ရဲ့ ဗိုက်ပေါ်က Ipad ကို အသာလေး ဆွဲထုတ်ရင်း ကုတင်ဘေးက စားပွဲပေါ်တင်လိုက်တယ်။ ပြီးရင် အိပ်ဖို့မပြင်သေးပဲ ကုတင်ပေါ်မှာပဲထိုင်ပြီး အိပ်ပျော်နေတဲ့ ချစ်ရသူကို တစိမ့်စိမ့် ရှုကြည့်မိခဲ့တယ်။ အမရာ့ရဲ့ ဆံနွယ်လေးတွေကို သပ်ပေးနေရင်းပေါ့။

ယွန်း ချစ်ရတဲ့ မုန်းဟာ သိပ်လှတဲ့ အမျိုးသမီးလေးတစ်ယောက်ပါ။ V-shaped မျက်နှာကျနဲ့ဖြစ်ပြီး မျက်တောင်မွှေးလေးတွေဆိုလည်း ကော့နေရော..။ နှုတ်ခမ်းလေးဆိုလည်း ဖူးဖူးလေးဖြစ်ပြီး နှုတ်ခမ်းနီမဆိုးပဲနဲ့ကို ရဲနေလေတယ်။ နိုးနေစဉ် မျက်လုံးလေးဖွင့်လိုက်ပါကလည်း လင်းလက်လာရော..။ နက်မှောင်မှောင် စူးရှရှနဲ့ တစ်ချက်တစ်ချက် ရီဝေဝေ အကြည့်တွေနဲ့ သတ်ချတတ်တဲ့ မုန်းကို ယွန်း ရင်ခုန်မိတာ အထူးအဆန်း မဟုတ်ပါ။ မိဘမဲ့ အထီးကျန်ရတဲ့ ဘဝပေမဲ့ မုန်းဟာ လာခြင်းကောင်းတဲ့ ဆုတောင်းကောင်းသူ တစ်ယောက်လို့တော့ ယွန်း ယုံကြည်မိတယ်။ ရုပ်လည်းချော၊ ဉာဏ်လည်းကောင်း၊ တော်လည်းတော်၊ မိန်းကလေးတွေ ကြားထဲမှာလည်း အရမ်းကို ထင်ပေါ်တယ်လေ။ စိတ်နေစိတ်ထားလေးဆိုလည်း သိပ်ကို နွေးထွေးတယ်။ ချစ်သူအပေါ်ဆိုလည်း အမြဲနားလည်ကာကွယ်ပေးခဲ့တယ်။ အဲဒီလို မုန်းကို ယွန်းလည်း သိပ်ချစ်ရတာပေါ့။

ချစ်လှစွာသော မုန်းWhere stories live. Discover now