Part 12

4.2K 212 12
                                    

Unicode

"ငါ နင့်ရဲ့ မိန်းကလေး ဖြစ်ပေးပါ့မယ်"

အမရာ့မှာ သူမနားသူမတောင် မယုံနိုင်အောင် ဖြစ်ရတယ်။ ဝင့်လွှာက Yes တဲ့လား? သူမရဲ့ မိန်းကလေး ဖြစ်ပေးမယ်တဲ့လား? သူမ ၁၅နှစ်သမီးကတည်းက ချစ်ခဲ့ရသူ အချစ်ဦးလေးက သူမရဲ့ အချစ်တွေကို လက်ခံတုံ့ပြန်လိုက်ပြီတဲ့လား?

တစ်ဖက်မှာလည်း သူမ ကြားရသမျှဟာ အိပ်မက်အလား ကြည်နူးစရာကောင်းလွန်းနေတာကြောင့်

"ယွန်း..နင် ခုန ငါ့ကို အဖြေပေးလိုက်တာလား? ငါ့ အချစ်ကို လက်ခံလိုက်တာလား?"

ဝင့်လွှာကတော့ အသာအယာ ပြုံးလိုက်ပြီး အမရာ့ အနားကို ကပ်လာတယ်။ ပြီးရင် အံ့အားသင့်နေတဲ့ အမရာ့ရဲ့ ပါးပြင်ကို အနမ်းဖွဖွပေးလိုက်ရင်း

"ငါနင့်ကိုချစ်တယ် အမရာမုန်း"

အမရာ့မှာလည်း ဝမ်းသာလုံးစို့ပြီး

"ယွန်း..ယွန်းလေး..တကယ်ပြောတာလား?"

ဝင့်လွှာကတော့ အသာအယာပြုံးပြီး ခေါင်းလေးသာ တစ်ချက်ညိတ်ပြလိုက်တယ်။ အဲဒီ အမူအရာလေးကပဲ အမရာ့ရဲ့ နှလုံးသားကို Roller Coaster စီးသွားရသလို အထူးပျော်ရွှင်စိတ်လှုပ်ရှားသွားစေခဲ့တယ်လေ။

အဲဒါနဲ့ပဲ အမရာဟာ သူမကို ပြုံးပြီးကြည့်နေတဲ့ ဝင့်လွှာရဲ့ ခါးလေးကို သူမနားရောက်လာအောင် ဆွဲဖက်လိုက်တယ်။ ပြီးနောက် ဝင့်လွှာရဲ့ နှုတ်ခမ်းလေးကို နူးနူးညံ့ညံ့ နမ်းရှိုက်မလို့ပါပဲ။ ဒါပေမဲ့ သူတို့ ရောက်နေတာ အများပြည်သူ သွားလာနေတဲ့ အင်းယားကန်ဘောင် ဖြစ်နေတာရယ်၊ နေနေတဲ့ နိုင်ငံကလည်း မြန်မာနိုင်ငံ ဖြစ်နေတာမို့ လက်လျှော့လိုက်ရတယ်။ အဲဒီအစား ဝင့်လွှာကို နွေးနေအောင် ပွေ့ဖက်လိုက်ရင်း

"ကျေးဇူးပါကွာ။ နင် အမြဲ ပျော်နေအောင်၊ ပြုံးနေရအောင်၊ ရယ်မောနေရအောင် ငါ ကြိုးစားပါ့မယ်"

"မုန်း.."

အဲဒီနောက် အမရာဟာ ဝင့်လွှာကို ဖက်ထားရာက အသာအယာ ပြန်လွှတ်ပေးလိုက်တယ်။ ပြီးရင် ဝင့်လွှာရဲ့ နဖူးလေးကို သူမရဲ့ နဖူးနဲ့ ထိကပ်လိုက်ရင်း

ချစ်လှစွာသော မုန်းWhere stories live. Discover now