Part 6

4.9K 218 4
                                    

Unicode

ည၁၀နာရီထိုးခဲ့ပါပြီ။

အိမ်မှာ အခန်းပိုမရှိတာကြောင့် ဝင့်လွှာနဲ့ အမရာတို့ တစ်ခန်းတည်း အိပ်ကြရတယ်။ အမရာတစ်ယောက် လက်ပြတ်အင်္ကျီ အမဲလေးနဲ့  အိပ်ရာပေါ်မှာ ခပ်မတ်မတ် လှဲနေခဲ့တယ်။ သူမရဲ့ ကားထဲမှာ အမြဲအရံထည့်ထားတဲ့ အဝတ်နှစ်စုံထဲက တစ်စုံနဲ့ပေါ့။ နောက်တစ်စုံကတော့ အဖြူရောင် တီရှပ်လက်တိုလေးနဲ့ ဘောင်းဘီတိုလေးပါ။ အဲဒါကိုလည်း ဝင့်လွှာအတွက်ဆိုပြီး ဝင့်လွှာအိပ်မယ့်ဘက်မှာ တင်ထားပေးပါသေးတယ်။

အမရာဟာ အိမ်ကပ်လေ့မရှိတဲ့ play girl တစ်ယောက်ပါ။ One night stand နေလေ့ရှိတဲ့ သူမဟာ အရေးအကြောင်းဆို လဲဝတ်ဖို့ အဝတ်အပိုကို အမြဲတမ်း ကားထဲထည့်ထားခဲ့ပါတယ်။ အခုတော့ အဲဒီအလေ့အထက အသုံးဝင်ခဲ့ပြီပေါ့။ မဟုတ်ရင် ဒီအိမ်မှာ အိပ်ဖို့ မရည်ရွယ်ခဲ့တဲ့ သူမတို့နှစ်ဦး အပြင်မှာ အင်္ကျီထပ်ဝယ်နေရဦးမယ်လေ။

ဝင့်လွှာကတော့ မတွေ့ရတာ ၉နှစ်တောင်ရှိပြီဖြစ်တဲ့ ညီမလေး သဲမွန်လွှာနဲ့ စကားကောင်းနေပါသေးတယ်။ ဝင့်လွှာဟာ အဖေနဲ့ အမေကို နာကျည်းမိပေမဲ့ ၇နှစ်သမီးအရွယ်လေးနဲ့ အဲဒီအချိန်က ကြိမ်းမောင်းခံနေရတဲ့ သူမအတွက် ကာကွယ်ပြောဆိုပေးခဲ့သူ ညီမလေးကို သံယောဇဉ်ကြီးခဲ့တယ်။ အဲဒီအတွက်လည်း တော်တော်နဲ့ အိပ်ခန်းထဲကို ရောက်မလာခဲ့ဘူး။ ရောက်လာတဲ့အခါမှာတော့ မှိန်းနေတဲ့ သူမကို မြင်လိုက်တာမို့

"မုန်း..နင် နေကောင်းရဲ့လား?"

"ကောင်းပါတယ်ဟ။ လာလေ..ငါ နင်လဲဝတ်ဖို့ တီရှပ်နဲ့ ဘောင်းဘီပါ ထားပေးထားတယ်"

"အင်း..ကျေးဇူးပါဟာ.."

ပြောပြောဆိုဆိုနဲ့ စောင်ခြုံလှဲနေရာမှ အမရာက ထလိုက်ပြီး ဝင့်လွှာကို အင်္ကျီကမ်းပေးလိုက်တယ်။

အမရာ ကမ်းပေးလိုက်တဲ့ အဝတ်ကို လှမ်းယူရင်း စူးစိုက်ကြည့်မိသွားတာတော့ ဝင့်လွှာပါ။ လက်ပြတ်အင်္ကျီအနက်နဲ့ အမရာဟာ အတော်လေး ဆွဲဆောင်မှုရှိသူပါ။ အားကစား ပုံမှန်လုပ်ပြီး အလေးလည်းမလေ့ရှိတဲ့ အမရာဟာ ကြွက်သား အနည်းငယ်နဲ့အတူ ကျစ်လျစ်ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာကိုလည်း ပိုင်ဆိုင်ထားတယ်။

ချစ်လှစွာသော မုန်းWhere stories live. Discover now