Extra 💗

6.9K 185 12
                                    

Unicode

"ချစ်တယ် မုန်း.."

"ကိုယ်လည်း မင်းကို သိပ်ချစ်ပါတယ် ယွန်းရယ်။ သံသရာ အဆက်ဆက် ဘဝအဆက်ဆက်ထိတိုင်အောင်ပေါ့.."

နွေးထွေးကြင်နာတဲ့ မျက်ဝန်းနှစ်စုံရဲ့ကြားဝယ် မျက်ရည်လေးတွေပါစို့လာခဲ့ကြတယ်။ ဒါဟာ ဝမ်းနည်းလို့ မဟုတ်ခဲ့ပါ။ အဲဒီအစား တစ်ဦးကိုယ်တစ်ဦး သိပ်ချစ်လွန်းလို့၊ အတူရှိခွင့်ရတဲ့ အချိန်လေးတွေကို မြတ်နိုးလွန်းလို့၊ ဒီအတောအတွင်း ကြုံလာသမျှကို အတူတူ ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့ကြပုံကို မြင်ယောင်မိလာလို့သာ ဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ အကြည့်ချင်းဆုံရာကနေ နှုတ်ခမ်းချင်းကပါ နီးစပ်လာခဲ့ပါတယ်။ ယွန်းရဲ့ ပန်းရောင်လေးသမ်းနေတဲ့ ခပ်နုနု နှုတ်ခမ်းလေးနဲ့ ထိကပ်လိုက်တာနဲ့ မုန်းရင်တွေ အဆမတန် ခုန်ရပြီပေါ့။ နမ်းလို့ ဘယ်တော့မှ ဝနိုင်မှာ မဟုတ်တဲ့ နှုတ်ခမ်းလေးကို ဆွဲငင်စားသုံးနေရင်း အရှိန်တက်လာပြီဆိုကာမှ

"မေမေ..မာမီ..!!!"

"ဟင်?!! သမီး..!!"

မုန်းနဲ့ ယွန်းတို့ သမီးအဖြစ် မွေးစားလိုက်ကြတဲ့ ဖြူလေးက မျက်နှာလေးရှုံ့ပြီး အနားရောက်လာကာ

"မောင်လေးတွေက Lego အရုပ်ဆက်ရင်း ရန်ဖြစ်နေကြပြန်ပြီ။ သမီးပြောလို့လည်း မရဘူး..။ မာမီတို့ လာဆုံးမပေးပါဦး"

ဖြူလေးကို မွေးစားအပြီး အဘွားဖြစ်သူရဲ့ နာမည်ပါပေါင်းကာ နှင်းဆီဖြူလို့ အမည်ပေးလိုက်ကြတယ်။ အဲဒီနောက် သုတ်ပိုးအလှူရှင်နဲ့လည်း ကလေးထပ်ယူရာ ယွန်းရဲ့ ဝမ်းမှ အမြွှာသားလေးနှစ်ယောက်ပါ မွေးဖွားလာခဲ့ပါတယ်။ အခုဆို သူမတို့ မိသားစုလေးဟာ သမီးတစ်ယောက် သားနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာ မိသားစုလေး ဖြစ်လာခဲ့ပြီပေါ့။

ပြောရရင် လောကဓံကိုယ်စီ ဖြတ်သန်းပြီးကာမှ သူမတို့ ချစ်သူနှစ်ဦးရဲ့ အိပ်မက်ကလေး အကောင်အထည်ပေါ်လာတော့တာပါပဲ။ ဒီလို မိသားစုလေး ဖြစ်လာစေဖို့ မုန်း ရည်ရွယ်ရင်း ဆောက်ခဲ့တဲ့ အိမ်ကလေးမှာ နေကြရင်းပေါ့။

ချစ်လှစွာသော မုန်းWhere stories live. Discover now