Part 40

3.1K 131 6
                                    

Unicode

"ဂျိန်း"

ရန်ကုန်မြို့ရဲ့ စူးရှရှ နေရောင်ခြည်အောက်ဝယ် အမျိုးသမီးငယ်လေးတစ်ယောက် သွေးအိုင်ထဲ လဲလို့နေလေတယ်။ သူမဟာ ကြောက်စရာ အရှိန်နဲ့ တိုးထွက်လာတဲ့ အနက်ရောင် ကားတစ်စီးရဲ့ ထိတ်လန့်ဖွယ်တိုက်ပစ်မှုကြောင့် လမ်းဘေးဘက်ကို လွင့်စင်လဲကျသွားရရှာတာပါ။ ဘေးပတ်ပတ်လည်မှာလည်း လိမ္မော်သီးလေးတွေ ပြန့်ကျဲလို့..။ ပလက်ဖောင်းပေါ်က ကလေးမလေးဆိုလည်း ငိုကြွေးနေရင်းပေါ့။

လမ်းပေါ်မှာပဲ ကားနဲ့ မတိုက်မိပေမဲ့ စောစောက မိန်းကလေးက တွန်းဖယ်ခဲ့မိတာကြောင့် လဲလျောင်းနေခဲ့တဲ့ မိန်းကလေးလည်း ရှိခဲ့တယ်။ သူမမှာတော့ ပြန်ထလာတာနဲ့ အရူးတစ်ပိုင်းမျှ ငိုကြွေးလျက် သွေးအိုင်ထဲမှာ လဲနေတဲ့ သူမ ချစ်ရတဲ့ အမျိုးသမီးဆီကို ပြေးလာရှာတယ်။

ယွန်း တစ်ဖြစ်လဲ အဆိုပါ မိန်းကလေးဟာ ချစ်ရသူရဲ့ ကိုယ်လေးကို ထိန်းထားရင်း

"မုန်း..မုန်း..သတိထားပါဦး..မုန်း..!!!!"

လမ်းမပေါ်မှာ လဲကျနေတဲ့ မုန်းဆိုသူ မိန်းကလေးရဲ့ ခေါင်းလေးမှာတော့ သွေးတွေ အဆက်မပြတ် ပန်းထွက်နေခဲ့တယ်။ သူမရဲ့ ကိုယ်လေးကို ကိုင်ထားတဲ့ ယွန်း အဝတ်တွေမှာတောင် စွန်းထင်းသွားခဲ့ပါပြီ။ သူမဟာ အသက်ရှူသံတွေလည်း အဆမတန် မြန်ဆန်နေခဲ့တယ်။ ဒါပေမဲ့လည်း သတိတော့ရှိနေသေးတာမို့ ယွန်းမှာလည်း မျှော်လင့်ချက်လေးတစ်မျှင်နဲ့အတူ ယုဒဿန်ဆေးရုံရဲ့ အရေးပေါ်ဌာနကို ဖုန်းအမြန်ဆက်ပြီး လာခဲ့ပေးဖို့ လှမ်းခေါ်လိုက်တယ်။ သူမ ဖုန်းချချခြင်းမှာပဲ လဲကျနေတဲ့ မုန်းဟာ အားတင်းပြီး

"ယွန်း..ယွန်းလေး.."

"မုန်း..မုန်းရယ်..ခဏလေးပဲ တောင့်ခံထားပေးပါနော်..။ ကျေးဇူးပြုပြီး ငါ့ကို ထားမသွားပါနဲ့ဟာ.."

ယွန်းမှာ ချစ်ရသူကို ဆုံးရှုံးရလေမလားဆိုတဲ့ အကြောက်တရားတို့နဲ့ ငိုကြွေးနေရှာတာပေါ့။ တစ်ဖက်က မုန်းခမျာလည်း ဦးခေါင်းဒဏ်ရာတွေကြောင့် သေလောက်အောင် နာကျင်နေခဲ့တယ်။ အဲဒီကြားထဲက အားတင်းပြီး သူမရဲ့ လက်ကလေးကို ချစ်သူရဲ့ မျက်ရည်လေးတွေနဲ့ စိုစွတ်နေတဲ့ ပါးမို့မို့လေးထက်ဝယ် ထိကပ်လိုက်ကာ

ချစ်လှစွာသော မုန်းWhere stories live. Discover now