သူဟာ လက်ထဲ၌ ကိုင်ထားသော စာအုပ်နှင့် ဓာတ်ပုံအပျက်လေးအား မယုံနိုင်စွာ စူးစိုက်ကြည့်လျက် လောကကြီးနှင့် အဆက်ပြတ်သွားသလို ငူငိုင်နေမိသည်။ စာအုပ်လေး၏ အရောင်ကာလာသည် အချိန်ကြာမြင့်နေခဲ့သည်ကို သိသာစေသည့်အနေအထားဖြင့် စာရွက်သားများမှာ ၀ါကျင့်နေပြီး အချို့နေရာတို့တွင် မင်ရည်တို့ပင် ထပ်နေ၍ သေချာပင် ဖတ်၍ မရပေ ။သို့သော်ငြား သာမန်ကာ လျှံကာ ဖတ်ရုံနှင့် ယောက်ျားတစ်ယောက်က အခြားယောက်ျားတစ်ယောက်ကို ဘယ်သို့ဘယ်မျှ ချစ်ခင်စုံမက်ရကြောင်း ထိုခေတ်အခါက စကားလှလှတို့ဖြင့် ဖွဲ့နွဲ့ရေးသားထားမှန်း အတပ်သိနိုင်ပါ၏။ ပွင့်လင်းစွာ ပြောရလျှင်တော့ သူ့အဘိုးဖြစ်သူက ၎င်းချစ်ရသော အမျိုးသားအကြောင်း စာစီကုံးထားသည့် အချစ်သဝဏ်လွှာပင် ။
ညိုမြလွင်ဟာ ထိုစာအုပ်ကိုဖတ်ပြီးသည်
နှင့် စာအုပ်ကြားထဲတွင် အသေအချာညှပ်ထားသော ဓာတ်ပုံအပျက်လေးအားလည်း ဆေးမိထားသော သူတစ်ယောက်ကဲ့သို့ မမှိတ်မသုန်ကြည့်နေမိသည်။ သူ့အနေနှင့်
ဒီအခြေအနေကြီးကို ဘယ်လို မှတ်ယူပေးပြီး လက်ခံရပါမည်နည်း ။သူ့အဘိုးဖြစ်သူဟာ သူလုံး၀ လက်မခံနိုင်တဲ့ လိင်တူချစ်ကြိုက်ခြင်းတွေကို လက်ခံရုံသာမက ယောကျ်ားတစ်ယောက်ကိုပင် ချစ်ကြိုက်ခဲ့လိုက်သေး၏။ စာထဲတွင်ရေးထားသော အကြောင်းအရာများကား
ညိုမြလွင်၏ အဘိုးနှင့်အဘွားတို့က မချစ်ခင်မနှစ်သက်ဘဲ လက်ထပ်လိုက်ရသည်တဲ့လေ။
အဘိုး အမှန်တကယ် ချစ်ခင်စုံမက်ခဲ့သူက သူနှင့်မျိုးတာ ကိုယ်လိုသူလို အမျိုးသားတစ်ယောက် ။ ဒါက လက်မခံနိုင်စရာကောင်းသလို ရှက်ဖို့ပင် အလွန်ကောင်းသည့် ကိစ္စကြီး။"ဖွင့်မကြည့်ရ ။ " ဟု ရေးသားထားသော ယွန်းအစ်လေးထဲ၌ သူက ထိုစာအုပ်ကို တွေ့ရှိခဲ့၏ ။ သူတို့အိမ်သည်က မျိုးရိုးအစဥ်အဆက် ချမ်းသာကြွယ်၀ခဲ့သည့်အလျောက် ဘိုးဘေးဘီဘင်တို့၏ အဖိုးတန်အမွေအနှစ်ပစ္စည်းတွေကို အခန်းကြီးတစ်ခန်း သီးသန့်ထား၍ သိမ်းဆည်းထားတတ်သည်။
ယခုသူက ထိုအခန်းထဲသို့ ရောက်လာ စပ်စုရင်း ၎င်းယွန်းအစ် ကို ရှာတွေ့ခြင်းသာ ။
YOU ARE READING
အရေးအပိုင်မင်းအား အပိုင်ကြံခြင်း
General Fictionအရေးပိုင်မင်းကြီးနဲ့ တိတ်တိတ်ပုန်းလက်ထပ်ထားရတဲ့ အညတရကောင်လေးတစ်ယောက်အဖြစ် သူဟာ ၁၉ရာစုနှစ်တွေဆီ ၀ိညာဥ်ကူးပြောင်းလာခဲ့ရတယ် ... မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ကြောင့်သာ အရေးပိုင်မင်းကြီးကို စွဲဆောင်နေရတယ်လို့ သူခံယူထားပေမဲ့ တစ်ဖြည်းဖ...