[၁၄]|Unicode

5.5K 430 58
                                    

ဒီရက်ပိုင်း သူ့စိတ်တွေဟာ နောက်ကျိလွန်းသည်။ အတိအကျပြောရပါလျှင် အရေးပိုင်ကြီးနှင့် အနေရခက်သော ဒိတ် လုပ်ခြင်း အပြီး သူ့စိတ်တွေထဲ ထိုလူကြီးဟာ အမြဲ
တလွှားလွှားနှင့် ပြေးနေတော့၏။

ထိုသို့တွေးမိပြီး ယောပုဆိုးနှင့် ပြေးလွှားနေသည့် ကျောက်ရုပ်ကြီးကို မြင်ယောင်ကြည့်တော့ ခွီးကနဲ ရယ်လိုက်မိသည်သာ ။

"ခွီး ... ဟာသကြီးဖြစ်နေမှာပဲ အဟမ်း"

သူ့အဖြစ်ကတည်း အရေးပိုင်ရဲ့ပယောဂကြောင့် သစ်ရွက်လှုပ်ရင်ရယ်တာတောင် မဟုတ်တော့ ။ ဘာမှ မလှုပ်လည်း ရယ်နေမိပြီဖြစ်သည်။ မိမိ၏ ဆေးမမှီနိုင်တော့သည့် အခြေအနေကို ပြန်သုံးသပ်မိရင်း အရှက်ပြေ ချောင်းဟန့်လိုက်ရသည်။

မင်းပုံကတော့ မလှမ်းမကမ်းမှနေ၍
သူ့ကိုကြည့်နေပြီး ခေါင်းတကုပ်ကုပ် လုပ်နေရှာသည်။

သဘောက သူ့ကို ရူးများနေပြီလားလို့ ထင်နေခြင်း !

အချစ်ရူးလေးဖြစ်နေတာတော့ သိမည်မထင်။ ယခင်ခန္ဓာကိုယ်ပိုင်ရှင် အရေးပိုင်ကို ချစ်ကြိုက်ခဲ့တယ်ဆိုတာ သူ့ရဲ့ရုပ်ပျက်ဆင်းပျက် အိန္ဒြေဆယ်မရဖြစ်နေ
သည့် အခြေအနေကိုတော့ မှီမှာမဟုတ်။

ရှင်းရှင်းပြောရရင် သူ့လောက်တော့ ဘယ်သူမှ ယွမှာ မဟုတ်ဘူးထင်ပါရဲ့လေ !

" ဟီး .. ဦးကကွာ "

မိမိကိုယ်ကို ထိုသို့ တွေးပြီး ဟီးကနဲ ရယ်လိုက်မိကာ မင်းပုံ စျေးထဲမှာ ၀ယ်လာပေးသည့် အနားရှိ ပန်းသီးခြင်းထဲမှ ပန်းသီးတစ်လုံးအား ယူလျက် အဝေးသို့ ယောင်ရမ်း လွှင့်ပစ်လိုက်မိသည်။

" ဟာ ... ဒုက္ခပါပဲ သခင်လေးရယ် "

အိပ်ဆောင်ရှေ့ တံတက်မြိတ်တွင်ထိုင်လျက် ပြုလုပ်လိုက်သော သူ့အပြုအမူကိုမြင်တော့ ဝန်းထဲ တံမြတ်စီးလှည်းနေသည့် မင်းပုံက တံမြတ်စီးကြီး ဘုန်းကနဲ ပစ်ချကာ သူ့စီကို အူယားဖားယား ပြေးလာရင်း ဒုက္ခပါပဲဟု ဆိုသည်။

" မရဘူး လာလာ ! ဆေးထိုးဆရာစီဖြစ်ဖြစ် ၊တန်းဝင်သမားတော်စီဖြစ်ဖြစ် ၊ သခင်ကြီးပြောတဲ့ ဖင်မလီး တောင်တာ စီဖြစ်ဖြစ် သွားမှကို ရတော့မယ် "

အရေးအပိုင်မင်းအား အပိုင်ကြံခြင်းWhere stories live. Discover now