" အဆင်ပြေရဲ့လား ကလေးလေး "
မူးနောက်နေတဲ့ အာရုံနဲ့အတူ လူကလည်း အားအင်တို့ ချိနဲ့ နေသည် ။ အခြေအနေတွေကို ပြန်စဥ်းစားနိုင်ဖို့ နေနေသာသာ မျက်လုံးကိုပင် ကြိုးစားဖွင့်နေရသည့် အခြေအနေမို့ သူ့အတွက် ခဲယဥ်းလှသည် ။
ဦးရဲ့ တည်ငြိမ်စွာ မေးလာတဲ့ နွေးနွေးထွေးထွေး အသံကြောင့်သာ မျက်လုံးတို့ကို အားယူဖွင့်ရင်း ကိုက်ခဲနေသည့် တစ်ကိုယ်လုံးအားလည်း ကျွတ်တသတ်သတ်ဖြင့် လုပ်နေရသည်။
" ကျွန်တော် .. ကျွန်တော် ဘာဖြစ်သွားတာလဲဟင် "
" သမားတော်ကပြောတယ် ကိုယ့်ကလေးလေးရဲ့ ဗိုက်ထဲက ကလေးလေးကြောင့် ဒီကကိုယ့်ကလေးလေး မူးလဲ သွားတာတဲ့ "
" မဖြစ် .. မဖြစ်နိုင်တာ ကျွန်တော်တို့ လုပ်ခဲ့ကြတာ မနေ့တစ်နေ့ကမှလေ ! "
ရုတ်တရတ် ထိတ်လန့်သွားပြီး ကုတင်ဘေးနားရှိ ပြက္ခတိန်ကို ကြည့်မိတော့ သူရောက်နေတာဟာ မနေ့တစ်နေ့ကရဲ့ အတော်ကြာပြီဖြစ်တဲ့ အချိန်ကာလ တစ်ခု ။
ကျစ် ! ထူးခြားဆန်းကြယ်မှုတွေက မကုန်တော့ဘူးလား .. အခု သူက ဦးရဲ့ ရင်သွေးကို လွယ်ထားရတာတဲ့လား ။
မနေ့က ဖြစ်သွားတဲ့ အဖြစ်အပျက်ဟာ တကယ်တော့ မနေ့ကမဟုတ်ဘဲ ပစ္စုပ္ပန်ကာလရဲ့ လအနည်းငယ်ကြာတဲ့ အတိတ်ဖြစ်နေတော့သည်။
" ဦး .. မနေ့က ကျွန်တော် ဘယ်မှာ အိပ်တာလဲ ၊ အခု ကျွန်တော်ဦးရဲ့ အိပ်ယာပေါ် ရောက်နေတာမလားဟင် "
" မင်းကို ကိုယ့်အနား အမြဲ ခေါ်ထားတာ ကြာပြီလေ ကလေးလေး .. နေလို့မကောင်းဘူးလားဟင် "
ဦး ပြောတဲ့စကားတွေဟာ သူမသိတဲ့ ဘာသာစကားအသစ်အဆန်းတစ်ခုလို နားလည်ရခက်နေသည်။ ဒါပေမဲ့ နွေးထွေးပြီး ကြင်ကြင်နာနာ ယုယုယယ ပြုမူနေတဲ့ ဦးကို ကြည့်ပြီး သူသတိထားမိလိုက်တာက ဦးဟာ ကလေးလေးရပြီးနောက်မှာ သူ့ကို ပိုပြီးဂရုစိုက်လာတယ်ဆိုတာပဲ ။
အခြေအနေတွေက အဆင်ပြေနေတဲ့ပုံစံဖြစ်ပေါ်နေသော်ငြား လေးလံနေတဲ့ သူ့စိတ်တွေကို သူ သဘောမကျ ။
YOU ARE READING
အရေးအပိုင်မင်းအား အပိုင်ကြံခြင်း
General Fictionအရေးပိုင်မင်းကြီးနဲ့ တိတ်တိတ်ပုန်းလက်ထပ်ထားရတဲ့ အညတရကောင်လေးတစ်ယောက်အဖြစ် သူဟာ ၁၉ရာစုနှစ်တွေဆီ ၀ိညာဥ်ကူးပြောင်းလာခဲ့ရတယ် ... မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့ ကြောင့်သာ အရေးပိုင်မင်းကြီးကို စွဲဆောင်နေရတယ်လို့ သူခံယူထားပေမဲ့ တစ်ဖြည်းဖ...