Part 1

1.7K 60 0
                                    

Unicode

အမှောင်ခန်းတစ်နေရာ

"ဘာလို့ကွာ၊ဘာလို့ငါ့ကျမှဒီလိုအ‌ဖြစ်ဆိုးတွေနဲ့ကြုံနေရတာလဲ၊မထမကအမေကထားသွားတယ် အခုအဖေလည်းငါ့ကိုတစ်ယောက်တည်း ထားသွားပြန်ပီ၊အခုငါဘာဆက်လုပ်ရမှာလဲကွာ..."ကောင်လေးတစ်ယောက်ဟာအလွန်ပဲ‌ကြေကွဲဝမ်းနည်းစွာအော်ဟစ်‌ငိုခဲ့တယ်။

ထိုငိုနေတဲ့ကောင်လေးရဲ့ရှေ့မှာလူကြီးတစ်ယောက်ပေါ်လာခဲ့ပီး"ငါ့တူလေးမငိုပါနဲ့တော့ကွာ...ငါတို့ကိုမင်းအဖေကထားခဲ့ပီကွ..."ဆိုပီးထိုလူကြီးဟာလည်းကောင်ငယ်လေးကိုဖက်ပီးသူပါမျက်ရည်‌‌တွေကြနေမိတယ်။

"ခများကဘယ်သူလဲ...ကျနော်အိမ်ထဲ့ဘယ်လိုလုပ်ပီးဝင်လာတာလဲ၊ကျုပ်အဖေကိုခများဘယ်လိုသိတာလဲ...."

ကောင်လေးဟာမျက်ရည်တွေကိုသုတ်လိုက်ပီးသူ့အရှေ့မှာရှိတဲ့ဦးလေးကြီးကိုမေးခွန်းတွေတရက်ဆက်မေးလိုက်တယ်။

"တူလေး ဦးနာမည်က ဝမ်ချောင်ပါ .. ၊ဦးက မင်းအဖေရဲ့အချစ်ဆုံးသူငယ်ချင်းပါ...၊မင်းအဖေရဲ့သတင်းကိုငါကြားလို့ အရောက်လာခဲ့ပေမယ့် အခါနှောင်းသွားတယ်"

"ကျုပ်တစ်ခါမှ ခများအကြောင်းအဖေပြောတာမကြားဖူးဘူး"ကောင်လေးဟာ မျက်မှောင်ကျုံ့ပီးဦးလေးကြီးကိုပြန်ပြောလိုက်တယ်။

ဦးလေးကြီးကတော့ကောင်လေးကိုထွေစထွေးပဲပြန်ပြုံးပြလိုက်ပီး
"ဦးကမင်းမမွေးခင်ကတည်းက တရုတ်ပြည်ကထွက်သွားခဲ့တာ....၊လွန်ခဲ့တဲ့၂ရက်လောက်ကမှဦးပြန်ရောက်တာ၊ဦးပြန်ရောက်တဲ့အချိန်မှာ...ဒီသတင်းဆိုးကြီးနဲ့ဦးကိုကြိုဆိုနေမယ်လို့မထင်မိဘူး..."

"ဦးလေး ....ကျွန်တော်လယ်လိုလုပ်ရမလဲဟင်...အဖေကလည်း ကျ‌နော့်ကိုထားသွားပီ...၊အကိုကလည်း USမှာတစ်ယောက်တည်း...."ကောင်လေးငိုရင်းဝမ်ချောင်ရဲ့အဖြေကိုစောင့်မျှော်နေခဲ့တယ်။

ဝမ်ချောင်ကကောင်လေးကိုပွေ့ဖက်လိုက်ပီး‌ကောင်လေးရဲ့မျက်ရည်တွေကိုသုတ်ပေးခဲ့တယ်။

"မငိုနဲ့တော့ငါ့တူ... ၊ငါမင်းကို ပြစရာရှိသေးတယ်"ဆိုပီးဝမ်ချောင်ကကောင်လေးကိုစာအိတ်ကလေးတစ်ခုထုတ်ပေးခဲ့တယ်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now