Part 2

662 42 0
                                    

၁၄နှစ်ကြာပီးနောက်

မှောင်မည်းနေတဲ့ခန်းမထဲကတစ်နေရာ

"သခင်လေး...မနက်ကတုန်းကတော့ကျနော်
တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သေးတယ်...၊သူ့မိသားစုနဲ့ပတ်သက်တဲ့အချက်အလက်တွေတော့ ကျ‌နော်ရှာမတွေ့မိဘူး...၊သူ့မှာမိသားစုမရှိဘူးလို့ ကျနော်ထင်မိတယ်..."

တစ်ကိုယ်လုံးအနက်ရောင်ဝတ်ထားတဲ့အမျိုးသားဟာကုလားထိုင်မှာအေးဆေးစွာခြေချိတ်ထိုင်ပီးတော့ သူ့ရဲ့ရှေ့မှာရှိနေတဲ့လူကို အေးဆက်စွာကြည့်ပီးစကားဆိုလိုက်တယ်။

"မင်းက လူ့ဘဝမှာနေရတာ ငြီးငွေ့လာပီထင်တယ်…၊မင်းရဲ့အသက်ကို ဇီဝိန်ချုပ်ပေးဖို့ငါကူညီပေးရမလား..."အနက်ဝတ်အမျိုးသားဟာ စကားပီးဆုံးတာနဲ့သူ့ရှေ့မှာရှိတဲ့လူရဲ့လည်ပင်းကိုတင်းကြပ်စွာပင်ဆုတ်ကိုင်လိုက်တယ်။

"အဟွတ်...အဟွတ်..."

"ကျနော်တို့အစွမ်းကုန်ကြိုးစားနေပါတယ်..၊ကျေးဇူးပြုပီးထပ်စောင့်ကြည့်ပေးပါအုံး..."
ထိုစကားတွေကိုအဲ့အမျိုးသားဟာမကြားချင်ယောင်ဆောင်ပီးသူ့ရဲ့လက်ကို ပိုပီးတင်းကြပ်အောင်ဆုတ်ကိုင်ထားလိုက်တယ် ။

အဲ့ဒီအချိန်မှာပဲ တံခါးခေါက်သံကြားလိုက်ရပီးအသက်၄၀လောက်ရှိတဲ့ လူတစ်ယောက်ဟာ အခန်းထဲကိုဝင်လာခဲ့တယ်။

ခန်းမထဲဝင်လာတဲ့လူကိုမြင်တာနဲ့ ထိုအမျိုးသားဟာ သူလည်ပင်းညစ်ထားတဲ့လူကို အခန်းထောင့်ကိုရောက်အောင် ကန်ထုတ်လိုက်တယ်။ကန်ထုတ်ခံလိုက်ရတဲ့အမျိုးသားဟာဝင်လာတဲ့ဦးလေးကို အရိုအသေပေးပီး ထိုအခန်းမှထွက်ပြေးသွားတော့သည်။

"တူလေး ...ဒါဘာတွေလဲ...မင်းဒေါသကိုထိန်းဖို့ ငါပြောခဲ့တယ်မဟုတ်ဘူးလား..."

"အဲ့ဒီဒေါသတွေကို ..ငါ့တို့ရဲ့အန္တရယ်အရှိဆုံး ရန်သူကို ကလဲ့စားချေတဲ့အခါမှသာသုံးပါ.."
လို့ပြောပီးထိုဦးလေးကြီးဟာလည်း ဆိုဖာပေါ်မှာ သက်သောင့်သက်သာထိုင်ပီး  ဒေါသထွက်နေတဲ့ထိုအမျိုးသားကိုလည်းဝင်ထိုင်ခိုင်းလိုက်သည်။

"ဦးလေး ..သိတဲ့အတိုင်းပဲ..."

"ကျနော်က ဒီလူသတ်သမားရဲ့ အဖိုးတန်တဲ့အရာကိုရှာဖွေနေတာ .."

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now