ရှောင်းစံအိမ်
Mr.ရှောင်းသည် ည၁နာရီတွင် သူ့စံအိမ်သို့ရောက်ရှိလာသည်။သူ့အိမ်ထဲသို့ဝင်လာသည်နှင့် ဧည့်ခန်းထဲတွင်နေသော ဧည့်သည်၃ယောက်အားတွေ့လိုက်ရသည်။ထိုလူတွေကတော့ ဟိုက်ခွမ်း၊ကျန်းချန်နှင့် အတွင်းရေးမှူးကုမင်တို့ဘဲဖြစ်နေသည်။
"မင်းတို့နှစ်ယောက်ကဒီကိုပြန်ရောက်နေတာလား...?"
Mr.ရှောင်းကမေးလိုက်သည်။
"ဦးလေး ကျနော်တို့အိမ်သစ်မသွားခင် ဦးလေးကိုအရင်လာတွေ့တာပါ...."
"ဟမ်!..."
Mr.ရှောင်းဟာပြောပြီးသူတို့ရဲ့ဆက်ကျင်ဘက်မှာရှိနေတဲ့ ဆိုဖာတွင်ဝင်ထိုက်လိုက်သည်။
"ရှောင်းကျန့် ...သူခံစားနေရတယ်ထင်တယ်..."
ကျန်းချန်ကဖြည်းညှင်းစွာပြောလိုက်သည်။
"သူအဲ့လို မလုပ်လောက်ဘူးမှတ်လား...."
Mr.ရှောင်းကပြောပြီးရိပေါ်ပေးထားတဲ့ဖိုင်တွဲတစ်ခုအားစားပွဲပေါ်တင်လိုက်ကာ ဟိုက်ခွမ်းနှင့်ကျန်းချန်တို့ကလည်းအဲ့ဖိုင်တွဲအားယူကာဖတ်လိုက်သည်။
"ဒါက ဘာလဲ !!....ဒါက..ဘယ်လိုဖြစ်နိုင်မှာလဲ! ...ကျွန်တော်တို့ကအဲ့တာနဲ့ပတ်သက်ပြီး ဘာမှစိတ်ကူးမရှိဘူးလေ...."
ဟိုက်ခွမ်းကပြတ်ပြတ်သားသားမေးလိုက်သည်။
"အဲ့လူယုတ်မာက ဦးလေးရဲ့ပိုင်ဆိုင်မှုအားလုံးကို လုယူဖို့စိတ်ကူးထားတာ ဒါပေမယ့်...အဲ့တာကိုရိပေါ်ကအဲ့တာကိုစိတ်မဝက်စားတာကြောင့် ...ဦးလေးကိုလှောင်ပြောင်ဖို့သူက အဲ့တာကိုသုံးခဲ့တာ......"
ပြောပြီးMr.ရှောင်းဟာနှုတ်ဆိတ်သွားသည်။
"လက်ထပ်မယ်...ရှောင်းကျန့်ကို..."
ဟိုက်ခွမ်းကအတည်ပြုလိုစိတ်ကြောင့်ထပ်မေးလိုက်တဲ့အခါ Mr.ရှောင်းကလည်းဟိုက်ခွမ်းအမေးဟာမှန်ကြောင်းခေါင်းညိတ်ပြလိုက်သည်။
"ရှောင်းကျန့်လေးကိုမွေးတုန်းက ဦးလေးနဲ့ မင်းတို့အဖေက ဒီလိုဖြစ်ဖို့ရည်ရွယ်ထားခဲ့ပေမယ့်လည်း မင်းတို့အဖေဆုံးသွားတာကြောင့် ဒီကိစ္စက ဖြစ်မလာခဲ့ဘူး....."
YOU ARE READING
My Mafia Husband //Yizhan Fanfic (MM Translation)
Fanfictionရိပေါ် "မင်းရဲ့အခြေအနေကို ငါသိပါတယ် ..ရှောင်ကျန့် ..ငါက မင်းရဲ့ကုမ္ပဏီကို ဒေဝါလီမခံရအောင် ငါကူညီပေးနိုင်တယ်..." ရှောင်ကျန့် "မင်းကူညီနိုင်တာငါသိတယ် ရိပေါ်၊ဒါပေမယ့်ဘာကိစ္စကြောင့်ငါက မင်းရဲ့အကူအညီကိုယူရမှာလဲ..."