US,ဝမ်ဟိုက်ခွမ်းအိမ်
အနက်ရောင်Mercedes ကားတစ်စီးဟာကားပါကင်ထဲသို့ဝင်လာသည်။အလွန်ချောမာကာအရပ်ရှည်သော လူတစ်ယောက်ဟာ သူ့ရဲ့မျက်လုံးများကိုဖုံးအုပ်ထားသော မျက်မှန်အနက်ဖြင့်ထွက်လာသည်။သူ့ရဲ့အငွေ့အသက်တွေဟာမဲမှောင်နေပီးရေခဲတမျှအေးဆက်နေတယ်။အိမ်ထဲမှာရှိနေတဲ့အနက်ရောင်ဝတ်ဆုံတွေနဲ့လူတွေကလည်းသူ့ကိုဦးညွှတ်ပီးကြိုဆိုကြတယ်။အိမ်အတွင်းမှလူတစ်ယောက်ထွက်လာပီးဦးခေါင့်ကာ ခရီးဦးကြိုပြုလိုက်တယ်။ထိုလူကပဲ အိမ်ထဲကိုခေါ်ဆောင်သွားလိုက်တယ်။
"သခင်လေး..ဒါသခင်လေးအခန်းပါ..."
"သခင်ကြီးကတော့ ဆေးရုံမှာအပေါ်အလုပ်ပေါ်လာလို့ ...ဆေးရုံသွားပါတယ်…"
"သခင်ကြီးက ပြန်လာဖို့ကြာအုံးမှာ..."
"ခရီးလည်းပင်ပန်းလာတယ်ဆိုတော့ ...သခင်လေးအနားယူရင်းပဲစောင့်လိုက်ပါ..."လို့ပြောပီးအဲ့လူဟာ လူငယ်ရဲ့ပစ္စည်းအားလုံးကိုနေရာချပေးတော့သည်။
လူငယ်ဟာသူရဲ့အေးစက်ပီးကြောက်ဖို့ကောင်းတဲ့အကြည့်ကို ထိန်းသိမ်းရင်း ငြိမ်နေလိုက်တယ်။
အခန်းထဲကိုဝင်လာပီး သေချာကြည့်လိုက်တော့ အခန်းကို သေချာထိန်းသိမ်းထားပုံရသည်။
"သခင်လေး ...ကျနော်သွားပါတော့မယ်..."
တကယ်လို ..တစ်ခုခုခိုင်းချင်တာ ရှိရင် ...ကြိုက်တဲ့သူကိုခေါ်လိုက်ပါဗျ..."လို့ပြောပီး လူငယ်ကို ဦးညွှတ်ကာ အခန်းထဲမှ ပြန်ထွက်ခဲ့လိုက်သည်။အောက်ထပ်တွင်
"အမလေး...အီး..
ဟီး...သခင်ကြီးအမြန်ပြန်လာပါစေလို့ဆုတောင်းပါတယ်..."တံခါးခေါက်သံကြားလိုက်တာမို့ ပြေးဖွင့်ပေးလိုက်တယ်။"သခင်ကြီး...ပြန်လာပီလား.....ကြိုဆိုပါတယ်"
"အင်း...ပြန်လာပီ..."
"ကျန်းချန် မင်းကြည့်ရတာ အရမ်းပျော်နေသလိုပဲ...."
"မင်းငါ့ကိုပြောစရာရှိနေလို့လား..."လို့ထိုလူ(ဟိုက်ခွမ်း/ရိပေါ်ရဲ့အကို)ကပြောလိုက်သည်။
အမည် ကျန်းချန်
အသက် ၂၂
အလုပ်အကိုင် ဟိုက်ခွမ်းလက်ထောက်
YOU ARE READING
My Mafia Husband //Yizhan Fanfic (MM Translation)
Fanfictionရိပေါ် "မင်းရဲ့အခြေအနေကို ငါသိပါတယ် ..ရှောင်ကျန့် ..ငါက မင်းရဲ့ကုမ္ပဏီကို ဒေဝါလီမခံရအောင် ငါကူညီပေးနိုင်တယ်..." ရှောင်ကျန့် "မင်းကူညီနိုင်တာငါသိတယ် ရိပေါ်၊ဒါပေမယ့်ဘာကိစ္စကြောင့်ငါက မင်းရဲ့အကူအညီကိုယူရမှာလဲ..."