"Mr.ဝမ် အဆင်ပြေရဲ့လား..."
ရှောင်ကျန့်လည်းသူ့အရှေ့မှာရှိနေတဲ့ ဝမ်ရိပေါ် တစ်ယောက်မျက်လုံးတွေဂနာမငြိမ်ဖြစ်နေကာ တံတွေတွေအကြိမ်ကြိမ်မျိုချနေတာကြောင့် စိုးရိမ်ကာမေးလိုက်သည်။
"အ..အ..အခုကားထွက်တော့..."
သူမေးသော်လည်းရိပေါ်ဟာ သူ့ကိုအဖက်မလုပ်ဘဲ ကားမောင်းတဲ့သူအားလှည့်ကာအမိန့်ပေးလိုက်ပီး တံခါးပြတင်းပေါက်ရှိရာဆီသို့လှည့်ကာ အပြင်ဘက်သို့သာကြည့်နေလိုက်သည်။
.
.
.
.
.
.
.
"ဘာလို့ရုတ်တရက်ကြီးပူနေရတာလဲ...ဒီယုန်စုတ်ကဝေကောင်ကရောဘာလို့ အခုထိဘေးမှာရှိနေသေးရတာလဲ..."ရိပေါ်လည်း ပူနေတဲ့ရင်အစုံအသက်သာစေဖို့အတွက်သူ့အင်္ကျီထိပ်က ကြယ်သီး၂လုံးလောက်အားဖွင့် လိုက်ပီး မျက်နှာကို လက်နှင့် ခပ်ဖွဖွ ပွတ်သတ်ရင်း အတွေးရင်ထဲမျောနေလိုက်သည်။
ရှောင်ကျန့် တစ်ယောက်ရိပေါ်ရဲ့ ပုံစံအားတွေ့လိုက်ရတဲ့အခါ စိုးရိမ်ကြီးစွာပင် ရိပေါ်အားမေးလိုက်သည်။
"သခင်လေးပူနေတာလား..."
"အင်း...နည်းနည်းပါ.."ရိပေါ်လည်းရှောင်ကျန့်အမေးကို နဖူးပေါ်ချွေးစက်အား လက်ကိုင်ပုဝါဖြင့်သုတ်ရင်းပြန်ဖြေလိုက်သည်။
"ဒါပေမယ့် Air-con ကလည်းအမြင့်ဆုံးတင်ပေးထားတာပါ..ရာသီဥတုကလည်းအဲ့လောက်အပူပါဘူး...တော်တော်နေလို့မကောင်းဖြစ်နေတာလားဟင်...."
ရှောက်ကျန့်လည်းပါးစပ်ကလည်းပြော လက်ကလည်း ရိပေါ်နဖူးပေါ်တင်ပီးအပူချိန်စမ်းလိုက်သည်။
**ဒုတ်ဒုတ်**
**ဒုတ်ဒုတ်**
ရှောင်ကျန့်ရဲ့မျက်နှာဟာသူ့(ရိပေါ် )နဖူးေပါ်အပူချိန်တိုင်းဖို့အတွက်မျက်နှာ နားသို့တိုးကပ်လာတာကြောင့် သူ့(ရိပေါ်)ရဲ့ရင်အစုံဟာခုန်လှုပ်လို့သွားရသည်။ေရှာင်ကျန့်ဟာ ထိုအချိန်မှာ အပူချိန်တိုင်းဖို့ပဲစိတ်ရောက်နေတာကြောင့် သူ့တို့နှစ်ဦးသားရဲ့မျက်နှာတွေဟာ ဘယ်လောက်တောင်နီးကပ်နေသလဲဆိုတာကိုေတာ့ သိလိုက်မယ်မထင်။
YOU ARE READING
My Mafia Husband //Yizhan Fanfic (MM Translation)
Fanfictionရိပေါ် "မင်းရဲ့အခြေအနေကို ငါသိပါတယ် ..ရှောင်ကျန့် ..ငါက မင်းရဲ့ကုမ္ပဏီကို ဒေဝါလီမခံရအောင် ငါကူညီပေးနိုင်တယ်..." ရှောင်ကျန့် "မင်းကူညီနိုင်တာငါသိတယ် ရိပေါ်၊ဒါပေမယ့်ဘာကိစ္စကြောင့်ငါက မင်းရဲ့အကူအညီကိုယူရမှာလဲ..."