Part 14

464 24 2
                                    

နံနက် ၆:၀၀ နာရီ

ဝမ်ဟိုက်ခွမ်းအိမ်(USA)

ကျန်းချန်သည် မနက်ခင်းတွင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲစွာဖြင့်ပင် နိုးထလာခဲ့သည်။သူအိပ်ယာပေါ်ကထရန်ကြိုးစားနေတာ‌ေကြာင့်နာကျင်လွန်းလို့အော်ဟစ်ညည်းညူနေရလေသည်။ဟိုက်ခွမ်းဟာနိုးလာပီးထရန်ကြိုးစားနေသောသူ့ကလေးလေးကိုကြည့်ကာ ခပ်ဖွဖွလေးပြုံးနေလေသည်။တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသော ကျန်းချန်ကိုဟိုက်ခွမ်းကရေချိုးကိုယ်လက်သန့်စင်ရန်ကူညီပေးပီး နှစ်ယောက်စလုံးမနက်စာစားရန် အိမ်အောက်ထပ်သို့ဆင်းလာခဲ့သည်။

ဧည့်ခန်းထဲတွင် အလုပ်သမားအားလုံးဟာ ရှိနေပီးမနက်စာအတွက်လည်းပြင်ဆင်ထား
ကြသည်။ဟိုက်ခွမ်းသည် ခုံပေါ်တွင်ကျန်းချန်အားအရင်ထိုင်ခိုင်းလိုက်ပီး သူကတော့ကျန်းချန်ရဲ့ဘေးခုံတွင်ဝင်ထိုင်လိုက်သည်။သူတို့မနက်စာစစားနေတဲ့အချိန်မှသာ ဝမ်ရိပေါ်သည် အပြင်ကနေ ပြန်လာတော့သည်။
"ရိပေါ်..မင်းအခုမှအိမ်ကိုပြန်လာတာလား...ညကဘယ်မှအိပ်တာလဲ..."ဟိုက်ခွမ်းဟာမနေ့ကဝတ်စုံနဲ့ပဲရှိနေတဲ့ ဝမ်ရိပေါ်အားတွေ့လိုက်တာကြောင့် မေးလိုက်သည်။
"ဟေး..ကျနော်မနေ့ကပြန်လာပေမယ့်...အိမ်ထဲကိုဝင်လိုက်တာနဲ့ဆူညံတဲ့အသံတစ်ချို့ကိုကြားလိုက်ရတယ်... "

"..."

ဗိုက်ဆာနေတဲ့ဝံပုလွေက.....အရသာရှိတဲ့အစားအစာတစ်ခုကိုစားရင်းအလုပ်ရှုပ်‌နေပုံရတယ်..."

"...."

"အကို့ရဲ့အခန်းတွေကသိပ်မလုံတော့..ကျနော်ကလည်းအေးအေးဆေးဆေးအိပ်ချင်တာနဲ့ ...ဟိုတယ်မှာပဲသွားအိပ်လိုက်တာ..."ရိပေါ်ကပေါ့ပေါ့ပါးပါးပဲပြောရင်း လွန်နေတဲ့ခုံတစ်ခုံမှာ မနက်စာစားဖို့ဝင်ထိုင်လိုက်သည်။
ရိပေါ်စကားကိုနားထောင်ပီးနောက်ရေသောက်နေသောကျန်းချန်သည် ရေထသီးလေတော့သည်။ဟိုက်ခွမ်းသည်ချက်ခြင်းပင် ကျန်းချန်ရဲ့ကျောအား ပွတ်သက်ပေးလိုက်သည်။ကျန်းချန်ဟာမလုံမလဲဖြင့်ရှက်နေတာကြောင့်မျက်နှာတစ်ပြင်လုံးဟာရဲတွတ်နေလေသည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now