Part 25

254 20 2
                                    

ရှောင်းကျန့်သည်ထိုအခြေအနေကိုကြောက်လွန်းတာကြောင့်ခေါင်းကိုငုံ့ထားကာနားအားတင်းတင်းကြပ်ကြပ်အုပ်ထားသော်လည်းငြီး‌ငွေ့ဖွယ်ကောင်းလှတဲ့ ကားဟွန်းသံ သေနတ်သံတွေကိုကြားနေဆဲပင်ဖြစ်သည်။

"မကစားတာကြာပီဆိုတော့ တွေ့ကြသေးတာပေါ့ အဟင်း!"

ရိပေါ်သည်ကြောက်ဖွယ်ကောင်းလှတဲ့ မဲ့ပြုံးတစ်ခုအားပြုံးလိုက်ပီး ကားboxထဲကနေ သေနတ်တစ်လက်အားဆွဲထုတ်လိုက်သည်။
ကားကိုရပ်လိုက်ပီးကားတံခါးအားဆွဲဖွင့်ကာ
ရန်သူနဲ့ပစ်ခတ်လိုက်ကြသည်။ဒ့ါအပြင်ရန်သူကားများရဲ့ကားဘီများကိုကျွမ်းကျင်စွာပင်ပစ်လိုက်လိုက်‌ေသးသည်။ရိပေါ်လည်းကားပေါ်ပြန်တက်လာကာ ကားတံခါးအားလျင်မြန်စွာပိတ်ပြီးထိုနေရာကနေအမြန်ဆုံးမောင်းထွက်လိုက်သည်။ရန်သူတွေဟာသူ့တို့ကားဘီးတွေအပစ်ခံလိုက်ရတာကြောင့်ရိပေါ်ရဲ့ကားနောက်ဆက်မလိုက်နိုင်ကြတော့ချေ။

ရိပေါ်တစ်ယောက် ကားမောင်းနေရင်းဘေးနားကရှောင်းကျန့်ကိုကြည့်လိုက်တဲ့အခါခေါင်းငုံ့ထားတဲ့ ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်ဟာတုပ်တုပ်မျှမလှုပ်ချေ။ရိပေါ်လည်းရှောင်းကျန့်ရဲ့အခြေအနေကိုသတိထားမိသွားတဲ့အခါ ကားအားရှိန်တင်‌ေမာင်း‌ေနတဲ့သူ့ကိုယ်သူအပြစ်တင်မိသည်။သူ့ရဲ့ဝေ့ရင်းက ကားအမြန်ကြီးမောင်းတာကြောက်တာ သူမေ့သွားသည်။

ရိပေါ်လည်းကားအား‌လမ်းဘေးတစ်နေမှာရပ်လိုက်ပီး

"ဝေ့ရင်း ...ဝေ့ရင်း!ထတော့လေဝေ့ရင်း"

ရိပေါ်သည်ရှောင်းကျန့်ကိုခေါ်နေသော်လည်းရှောင်ကျန့်ဘက်ကတော့တုန့်ပြန်မှုမရှိချေ။ရိပေါ်လည်းရှောင်းကျန့်အား ကားခုံပေါ်သို့သေချာထိုင်စေရန် ပြုပြင်ပေးလိုက်သည်။ရှောင်းကျန့်ရဲ့မျက်နှာအားအနီးကပ်ကြည့်ီု့ မေ့စေ့ကနေကိုင်ကာ ငြင်သာစွာပင်ခေါင်းအားမော့‌‌ေပးလိုက်သည်။

ခေါင်းမော့လိုက်တဲ့အချိန်မြင်လိုက်ရတဲ့ရှောင်းကျန့်ရဲ့မျက်နှာသည်ထိတ်လန့်တကြားဖြစ်နေပီးစိတ်နဲ့လူနဲ့မကပ်ပေ။ရိပေါ်လည်းရှောင်းကျန့်ရဲ့ထိုအခြေအနေကြောင့် ရှောင်းကျန့်အားဖက်ကာကျောလေးပုတ်ပြီးနှစ်သိမ့်ပေးလိုက်သည်။ရိပေါ်ဟာရှောင်ကျန့်ကိုဖက်ထားရင်းနဲ့ရှောင်းကျန့်ဆီကနေ ပုံမှန်မဟုတ်တဲ့အသက်ရှုသံကိုခံစားမိသွားတာကြောင့်ရှောင်းကျန့်မျက်နှာအားပြန်ကြည့်ရန်အတွက် ဖက်ထားရင်းကနေဆွဲခွာလိုက်သည်။

My Mafia Husband  //Yizhan Fanfic (MM Translation)Where stories live. Discover now