မိုးစက်လေးတွေ တသွင်သွင်ကျနေတဲ့ ညနေခင်းလေးမှာ...ကော်ဖီဆိုင်ရဲ့ ထောင့်စွန်းဝိုင်းလေးက စားပွဲဝိုင်းမှာ ထိုင်နေကြတဲ့ ကောင်လေး ချောချောလေးတစ်ယောက်နဲ့ ချစ်စရာ မမတစ်ယောက်...
သူတို့က တခြားသူတွေမဟုတ်။
ဂျွန်နဲ့ noona jimarတို့ပင်။သောက်နေစ ကော်ဖီခွက်ကို အလန့်တကြား စားပွဲပေါ်ကို စောင့်ချလိုက်တဲ့ noona...
"ဘာ! ဂျောင်ကု!! ဘာပြောလိုက်တယ်!"
ဂျွန်:ကျတော်...မင့်ကို နှလုံးပေးလိုက်မယ်လို့!
"ရူးနေလား !!ရူးနေလား ဂျောင်ကု.!..လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး...နှလုံးက နင်တို့ခေါင်းအစခြေအဆုံး ဆဲလ်တွေ၊ ဗီဇတွေတူနေလို့ ပေးလို့ရတယ်ပဲထား...နင်က ကျန်းမာနေတဲ့ သက်ရှိလူတစ်ယောက်...နင်ကမသေသေးဘူး"
ဂျွန်:သေလိုက်မယ်လေ...မခက်ပါဘူး noonaရယ်...ကျတော်လဲ အကုန်လုံးကို လေ့လာထားပါတယ်...ကိုရီးယားမှာ ဒီဖြစ်စဥ်မျိုး မရှိသေးဘူးဆိုပေမဲ့ ကျတော်က ပထမဆုံး ဖြစ်သွားမှာပဲ..
"ဂျောင်ကု!!"
ခုံကို လက်ဝါးနဲ့ ခပ်ပြင်းပြင်းထုကာ ရိုက်လိုက်သော Noona...
"noona ဆရာဝန်တစ်ယောက်အနေနဲ့ ပြောနေတာ...ဂျောင်ကုက ပြန်ပေးဆပ်ချင်တဲ့အနေနဲ့ ဒါကိူလုပ်ချင်တယ်ဆိုပေမဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ကျ တစ်ဖက်က အသက်အန္တရယ်ရှိနေတဲ့သူကို ကယ်တင်ပြီး နောက်တစ်ဖက်မှာတော့ ကျန်းမာနေတဲ့ သူကို အသက်အန္တရာယ်တောထဲ တွန်းပို့နေသလိုမျိုးဖြစ်လိမ့််မယ်။"
ဂျွန်:ဒီ caseကို Hoseok hyung ကိုင်တွယ်ပေးမှာ...
"ဘာ!! "
ဂျွန်:hoseok hyungက ခွဲစိတ်ပေးမှာလို့!
မျက်ရည်တွေဝဲကာ ဂျွန်ကဆိုလာတော့
noonaက ကော်ဖီကို တစ်ငုံသောက်လိုက်သည်။
"မောလိုက်တာ .. ဂျောင်ကုရယ်...နင့်ကို ပြောရတာ ငါမောလိုက်တာ!!"
"ငါသိပါတယ် ငါအားလုံး နားလည်ပါတယ်... ငါ ဂျီမင်လေးကိုလဲ ချစ်ပါတယ်... ဂျီမင်လေးက ချစ်စရာလေးပါ!"
ဂျီမင်လေးကိုလဲ ချစ်ပါတယ်ဆိုတဲ့စကားကြောင့် ရောက်ရှိလာတဲ့ ဂျွန့်ရဲ့မျက်စောင်းတစ်စုံကို noonaသိလိုက်သည်။